PSM (News) ဩဂုတ် ၁၂၊၂၀၂၆ ဟောင်ကောင်မြို့ ပိုဖူလမ် ရပ်ကွက်ရှိ တိုက်ခန်းတွဲ တစ်ခုတွင် အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဂီယို ဗီလာတွင် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးက ဒေသခံများကို ဓားဖြင့် တိုက်ခိုက်နေကြောင်း တနင်္လာနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားချက်များ အများအပြား ရောက်ရှိခဲ့သည်။ ထိုဓားဖြင့် တိုက်ခိုက်မှုကြောင့် အိမ်အကူ အမျိုးသမီးတစ်ဦး ကျောတွင် ဒဏ်ရာရရှိခဲ့ပြီး တံခါးစောင့် တစ်ဦးမှာလည်း တံတောင်ဆစ်တွင် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သော အိမ်အကူကို ပိုဖူလမ်ရှိ ကွင်းမေရီဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်။ ကိုးကား-SCMP Post navigation ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက် စစ်ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခံရ NATO အစည်းအဝေးအပြီး အီရန်ခြိမ်းခြောက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရန့်အား ကာတာထရပ်ကားဖြင့် လျှို့ဝှက်ရွှေ့ပြောင်းခဲ့ရ