Month: August 2026

ထိုင်းနိုင်ငံ၊ကရာဘီတွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ခရီးသည်များ အပါအဝင် ၁၂ ဦး ဘေးကင်းစွာ လွတ်မြောက်

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကရာဘီခရိုင် ကမ်းလွန်ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည်များ လိုက်ပါလာသည့် ခရီးသည်တင် ဒေသန္တရစက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း လိုက်ပါလာသူ ၁၂ ဦးစလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ နောင်ထလေခရိုင်ခွဲ၊ လမ်ဟန်နက် ကျွန်းအနီး ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည် ၁၀ ဦး၊ လမ်းပြတစ်ဦးနှင့် လှေမောင်းနှင်သူတို့…

ဟော်မုဇ်ရေလက်ကြားတွင် ADNOC ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီ (ADNOC) ၏ ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် အီရန်နိုင်ငံက တိုက်ခိုက်ခဲ့ကြောင်း စနေနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု WAM သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ADNOC က…

ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်တွင် ပျောက်ဆုံးသွားခဲ့သည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦး ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ချုံဘူရီခရိုင်၊ ဆမဲစန်းကျွန်းအနီး ရေနက်ပိုင်း နည်းပညာပိုင်းဆိုင်ရာ ရေငုပ်ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြသည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦးကို သောကြာနေ့ညပိုင်းတွင် နမ်ဆိုင်းကမ်းခြေသို့ ဘေးကင်းစွာ ကူးခတ်ရောက်ရှိလာခဲ့ကြပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်သည်။ နည်းပြနှစ်ဦးနှင့် သင်တန်းသားနှစ်ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် ရေအနက် မီတာ (၄၀ – ၅၀) ခန့်အထိ ရေငုပ်ခဲ့ကြပြီး နေ့လယ်…

ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှု မြင့်တက်လာပြီး ကာကွယ်ရေးဝန်ကြီးက ဘေဂျင်း၏ စွပ်စွဲချက်များကို တုံ့ပြန်

PSM (News) သြဂုတ် ၁၆၊၂၀၂၆ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘတ်တိုဒိုရိုက မိမိအား တရုတ်နိုင်ငံကို စနစ်တကျ တိုက်ခိုက်စွပ်စွဲနေသည်ဟူသော ဘေဂျင်း၏ ပြောဆိုချက်များကို စနေနေ့တွင် ပယ်ချလိုက်ပြီး ယင်းသည် အဓိကပြဿနာများကို ဖုံးကွယ်ရန် အာရုံလွှဲသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူရာတွင် တိုဒိုရိုက ဦးဆောင်ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံခြားရေး…

စစ်ရေးအရှိန်မြှင့်ရန် တပ်ရင်း ၃၆၀ ကျော်နှင့် ပကဖများကို NUG ထောက်ပံ့ကြေး တိုးမြှင့်၊ အဆုံး အဖြတ်ကာလအတွက် ပြည်သူလူထု ပိုမိုပါဝင်ရန် ဆက်လက်တောင်းဆို

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ၂၀၂၆ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအတွက် စစ်စရိတ် တိုးမြှင့်သုံးစွဲလာနိုင်ကြောင်း သိရသည်။ ထိုသို့ စစ်စရိတ် တိုးမြှင့်လာနိုင်ခြင်းမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ပြည်သူလူထု၏ လစဉ်ပုံမှန်ထောက်ပို့မှု အရှိန်အဟုန်ကြောင့်ဖြစ်ပြီး…

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်၏ တောင်းဆိုချက် အပေါ် စစ်အုပ်စုက “စိတ်မသက်မသာဖြစ်ရသည်” ဟုတုံ့ပြန်

မောင်မောင်ကဲ/ PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ၎င်းအား ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက်အပေါ် အာဏာလု စစ်အုပ်စု၏ ဝါရှင်တန် မြန်မာသံရုံးက “အပြုသဘောမဆောင်သည့် တောင်းဆိုချက်ဖြစ်၍ စိတ်မသက်မသာ ဖြစ်ရသည်” ဟုဆိုကာ…

ရခိုင်ပြည်နယ်တွင် စစ်ရှုံး၍ အရပ်သားများကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်အုပ်စု၏ လုပ်ရပ်မှာ “ယောကျာ်းမဆန်သော ရှုံးမဲမဲမှု” ဟု ဝေဖန်ခံရ

PSM(News) ဩဂုတ် ၁၅၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်း မြေပြင်စစ်မျက်နှာတွင် အထိနာပြီး အာရက္ခတပ်တော် (AA) ကို အနိုင်ယူနိုင် ခြင်းမရှိသည့် အာဏာလု စစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ ရှုံးမဲမဲသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်ပြောကြားခဲ့သည်။ စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ AA ထိန်းချုပ်နယ်မြေများကို…

အထက်ပိုင်း မြစ်ရေလျှံမှုကြောင့် ဧရာဝတီနှင့် ငဝန်မြစ် တစ်လျောက်ရှိ မြို့နယ်အချို့ ရေဘေးအန္တရာယ် သတိပေး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် ငါးသိုင်းချောင်းတို့တွင် ရေကြီးနိုင်ခြေ မြင့်မား

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံမြောင်းတန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီ၊ မွန်နှင့် ကရင်ပြည်နယ်တို့သို့ မိုးတိမ်တိုက်များ တိုက်ရိုက် တိုးဝင်နေကြောင်း အိန္ဒိယမိုးလေဝသဌာနနှင့် ထိုင်းမိုးလေဝသဌာန (TMD) တို့၏ မိုးလေဝသ စနစ် အခြေပြ မြေပုံများအရ သိရသည်။ ထို့အတူ အထက်ပိုင်းမြစ်ရေကျဆင်းလာမှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံမှု…

ခရိုအေးရှားနိုင်ငံ၏ ခရီးသွားမြို့သို့ တောမီးကျရောက်မှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရရှိ

PSM (News) ဩဂုတ်၁၅၊၂၀၂၆ ခရိုအေးရှားနိုင်ငံ၊ ဒယ်လ်မေးရှားကမ်းရိုးတန်းရှိ လှပသော ခရီးသွားမြို့တစ်မြို့ဖြစ်သည့် အိုမိစ် (Omis) မြို့သို့ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် အရှိန်နှင့် ရောက်ရှိလာခဲ့သော တောမီးမှာသောကြာနေ့ က တစ်ညတာအတွင်း ကူးစက်ခဲ့ရာ အိမ်များ မီးလောင်ကျွမ်းခဲ့သည်။ လူပေါင်း ၁,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ လူ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနနှင့် ကျန်းမာရေး…

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အအင်အားပြင်ငလျင်လှုပ်ခတ်

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးကာ ဒေသခံများ အလန့်တကြား ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နူဆာတင်ဂါနာပြည်နယ်၊ အန်းဒေးမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၈ ကီလိုမီတာ (၄၂…