PSM (News) သြဂုတ် ၁၆၊၂၀၂၆ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘတ်တိုဒိုရိုက မိမိအား တရုတ်နိုင်ငံကို စနစ်တကျ တိုက်ခိုက်စွပ်စွဲနေသည်ဟူသော ဘေဂျင်း၏ ပြောဆိုချက်များကို စနေနေ့တွင် ပယ်ချလိုက်ပြီး ယင်းသည် အဓိကပြဿနာများကို ဖုံးကွယ်ရန် အာရုံလွှဲသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူရာတွင် တိုဒိုရိုက ဦးဆောင်ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ခြင်းအပေါ် ၎င်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ တိုဒိုရိုကမူ မေလအတွင်းက မီဆာမစ် အိုရီယန်တယ်ဒေသရှိ သံမဏိစက်ရုံတွင် တရုတ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းသည် စံချိန်စံညွှန်းမမီသော ထုတ်လုပ်မှုများနှင့် ဥပဒေချိုးဖောက်မှုများကြောင့် တရားရုံးဝရမ်းများနှင့်အညီ တရားဝင် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ အပြင် တရုတ်သံရုံး တာဝန်ရှိသူများက ဖိလစ်ပိုင်၏ ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ မကြာသေးမီက တရုတ်ဘက်က ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ကျော်ကို အရေးယူခဲ့မှုအပေါ် တိုဒိုရိုက “ခြိမ်းခြောက်ငွေညှစ်သည့် လုပ်ရပ်” ဟု ရှုတ်ချခဲ့ပြီး၊ ပြီးခဲ့သည့် ဇွန်လကလည်း တရုတ်ဘက်က တိုဒိုရိုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားဖူးကာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆက်လက် တင်းမာလျက် ရှိသည်။ ကိုးကား-Reuters Post navigation ခရိုအေးရှားနိုင်ငံ၏ ခရီးသွားမြို့သို့ တောမီးကျရောက်မှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရရှိ ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်တွင် ပျောက်ဆုံးသွားခဲ့သည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦး ဘေးကင်းစွာ ပြန်လည်ရောက်ရှိ