PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီ (ADNOC) ၏ ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် အီရန်နိုင်ငံက တိုက်ခိုက်ခဲ့ကြောင်း စနေနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု WAM သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ADNOC က ဆိုသည်။ အစွန်းရောက်တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ရေကြောင်းလမ်းကြောင်းကို အပြည့်အဝ ပြန်ဖွင့်ပေးရန် ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက တီဟီရန်အစိုးရအား တိုက်တွန်းခဲ့သော်လည်း အီရန်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။ တစ်ပတ်အတွင်း ADNOC ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရသည့် တတိယအကြိမ်မြောက် ဖြစ်ရပ်ဖြစ်ပြီး အဘူဒါဘီသမ္မတ၏ သံတမန်ရေးရာ အကြံပေး အန်ဝါဂါဂါ့ရှ်က နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပဋိပက္ခ စတင်ကတည်းက ကမ္ဘာ့ရေနံ၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အဆိုပါ ရေကြောင်းလမ်းကြောင်းမှာ အကြိမ်ကြိမ် နှောင့်ယှက်ခံခဲ့ရကာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်တွင် ပျောက်ဆုံးသွားခဲ့သည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦး ဘေးကင်းစွာ ပြန်လည်ရောက်ရှိ ထိုင်းနိုင်ငံ၊ကရာဘီတွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ခရီးသည်များ အပါအဝင် ၁၂ ဦး ဘေးကင်းစွာ လွတ်မြောက်