PSM (News)

ဩဂုတ်၁၅၊၂၀၂၆

ခရိုအေးရှားနိုင်ငံ၊ ဒယ်လ်မေးရှားကမ်းရိုးတန်းရှိ လှပသော ခရီးသွားမြို့တစ်မြို့ဖြစ်သည့် အိုမိစ် (Omis) မြို့သို့ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် အရှိန်နှင့် ရောက်ရှိလာခဲ့သော တောမီးမှာသောကြာနေ့ က တစ်ညတာအတွင်း ကူးစက်ခဲ့ရာ အိမ်များ မီးလောင်ကျွမ်းခဲ့သည်။

လူပေါင်း ၁,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ လူ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနနှင့် ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

• ထိခိုက်ဒဏ်ရာရမှု: မြောက်ဘက် ၂၅ ကီလိုမီတာ အကွာရှိ စပလစ် (Split) မြို့ရှိ ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ကုသပေးခဲ့ရသူ ၃၆ ဦးရှိပြီး၊ ၎င်းတို့အနက် ၁၄ ဦးမှာ ဆေးရုံတင်ထားရကာ ၇ ဦးမှာမူ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအရာတွင် ရှိနေသည်။

• ဘေးလွတ်ရာ ရွှေ့ပြောင်းမှု: အိုမိစ်မြို့မှ စပလစ်မြို့အထိ မြို့အချို့တွင် ဖွင့်လှစ်ထားသော အရေးပေါ် ခိုလှုံရာစခန်းများ၌ လူပေါင်း ၁,၀၀၀ ခန့် တစ်ညတာ ခိုလှုံခဲ့ကြရသည်။

• ထိခိုက်ပျက်စီးမှု: ဟက်တာ ၁,၀၀၀ ကျော်ရှိ သစ်တောများနှင့် လူနေရပ်ကွက်များကို မီးလောင်ကျွမ်းခဲ့ပြီး ကြီးမားသော ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း မီးသတ်ဌာန အကြီးအကဲ ဆလာဗ်ကို တူကာကိုဗစ်က ပြောကြားခဲ့သည်။

• မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှု: မီးသတ်သမား ၂၈၆ ဦး၊ မီးသတ်ယာဉ် ၉၀ နှင့် လေယာဉ် ၄ စင်းတို့က တစ်ညလုံး အပြင်းအထန် ငြှိမ်းသတ်ခဲ့ကြရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *