PSM (News)

ဩဂုတ် ၁၆၊ ၂၀၂၆

ချုံဘူရီခရိုင်၊ ဆမဲစန်းကျွန်းအနီး ရေနက်ပိုင်း နည်းပညာပိုင်းဆိုင်ရာ ရေငုပ်ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြသည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦးကို သောကြာနေ့ညပိုင်းတွင် နမ်ဆိုင်းကမ်းခြေသို့ ဘေးကင်းစွာ ကူးခတ်ရောက်ရှိလာခဲ့ကြပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်သည်။

နည်းပြနှစ်ဦးနှင့် သင်တန်းသားနှစ်ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် ရေအနက် မီတာ (၄၀ – ၅၀) ခန့်အထိ ရေငုပ်ခဲ့ကြပြီး နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်ရန် စီစဉ်ထားခဲ့သည်။ သတ်မှတ်ချိန်ထက် ကျော်လွန်၍ ရေအပေါ်သို့ ပြန်လည်မတက်လာကြသည့်နောက် တာဝန်ရှိသူများက ရေယာဉ်များ၊ လေယာဉ်နှင့် အနီးအနားရှိ ငါးဖမ်းလှေများဖြင့် အရေးပေါ် ရှာဖွေရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

ရေစီးသန်ခြင်းနှင့် ပင်လယ်ပြင် ရေလှိုင်းကြီးခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ရေငုပ်သမားလေးဦးစလုံး ကမ်းခြေသို့ ဘေးကင်းစွာ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းကို တာဝန်ရှိသူများ လက်ခံရရှိခဲ့သည်။

ကိုးကား-Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *