Month: August 2026

စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ရေကြီးမှုအန္တရာယ် မြင့်မားနေပြီး ရန်ကုန်၊ မွန် နှင့် ကရင်တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာမည်

PSM (News) ၁၈ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်နှင့် အနောက်တောင် မုတ်သုံလေ အရှိန်ကြောင့် လာမည့် ဩဂုတ်လ ၂၀ ရက်နေ့အထိ ပဲခူးတိုင်းအရှေ့ခြမ်းတွင် မိုးအားကောင်းစွာ ဆက်လက် ရွာသွန်းနိုင်ပြီး စစ်တောင်းမြစ် ဝှမ်းဒေသများ၌ ရေကြီးမှု အန္တရာယ် မြင့်မားနေကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က အသိ ပေးထားသည်။ မုန်တိုင်းငယ်သည် အန္ဒိယဘက်သို့…

ဖမ်းဆီးခံထားရစဉ် လက်နက်လုယူ ထွက်ပြေးသည့် ဒုအကောက်ခွန်မှူး ဖြိုးစံ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး၊ ပြန်လည်ခုခံသူ မည်သူမဆို ပွဲချင်းပြီး ရှင်းလင်းမည်ဟု နည်းဗျူဟာ -၃၃ သတိပေး

PSM(News) ဩဂုတ် ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံ သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လက်နက်လုယူ၍ ပြန်လည်ခုခံ ထွက်ပြေးသဖြင့် နေရာတွင်ပင် ပစ်ခတ်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။ ဒုအကောက်ခွန်မှူး ဖြိုးစံ (ကပ-၂၇၁၈)…

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် မွေ့ထိုင်း စခန်းမန်နေဂျာ ဖမ်းဆီးခံရ

PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဘန်ကောက်မြို့ဘက်သို့ တင်ဆောင်လာသည့် အသက် ၄၂ နှစ်အရွယ် မွေ့ထိုင်းစခန်းမန်နေဂျာ တစ်ဦး ဖမ်းဆီးခံရသည်။ အဆိုပါအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်သည်။ ဆာကျောင်းနယ်စပ်အနီး လူမှောင်ခိုလမ်းကြောင်းတစ်ခု၌ ပစ်ကပ်ကားတစ်စီး အလွန်အမင်း…

မိုးမိတ်၊ ရွှေကူနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေ၍ လမ်းပိုင်း များ ပိတ်ထားရပြီး ဒေသခံများ စစ်ရှောင်နေရ

PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စစ်အုပ်စု၏ ထိုးစစ်ဆင်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ကို ယာယီ ပိတ်ထားရပြီး ဒေသခံ ရာပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၃၄) တပ်ရင်းဌာနချုပ်သည် ပြီးခဲ့သည့်…

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကျောင်းပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် နှစ်ဦး သေဆုံး

PSM (News) ဩဂုတ် ၁၈ ၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ အာဏာပိုင်များ၏ ပြောကြားချက်အရ တောင်ပိုင်းဒေသရှိ ကက်သလစ်အလယ်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။နိုင်ငံအတွင်း နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ဇမ်ဘိုအန်ဂါ တောင်ပိုင်းမြို့ရှိ အေတီနီယို…

ဂါဇာငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ စတင်

PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ဂျာရက်ကူရှနာတို့သည် ဂါဇာငြိမ်းချမ်းရေးအတွက် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အချက် ၁၅ ချက်ပါ လမ်းပြမြေပုံကို ကယ်တင်နိုင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂါဇာဒေသတွင်းရှိ လူဦးရေ ၂ သန်းခန့်၏ အရေးနှင့် ပျက်စီးသွားသော…

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ဗီဇာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်း

.PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ဥရောပဗီဇာ လျှောက်ထားရာတွင် အသုံးပြုသည့် အတုပြုလုပ်ထားသည်ဟု သံသယရှိဖွယ် ဘဏ်စာရင်းရှင်းတမ်းများ၊ ဘဏ်တံဆိပ်တုံးများနှင့် အခြားအတုအယောင် စာရွက်စာတမ်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ ဗီဇာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ တာဝန်ရှိသူများသည် ငွေကြေးဆိုင်ရာ စာရွက်စာတမ်း ၂၀ ကျော်၊ ကွန်ပျူတာ ၄ လုံးနှင့် အခြားအတုပြုလုပ်ထားသည်ဟု…

သမ္မတထရမ့်၏ အမိန့်ကြောင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ် ညွှန်ကြားခံရ

PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်သည့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ်အား တနင်္လာနေ့တွင် အမိန့်ပေးခဲ့သည်။ အမေရိကန်အနေဖြင့် အီရန်စစ်ပွဲတွင် ကူညီရန် တောင်ကိုရီးယားက ငြင်းဆိုခဲ့ခြင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ တနင်္လာနေ့တွင် စတင်ကျင်းပခဲ့သော အဆိုပါစစ်ရေးလေ့ကျင့်မှုများသည်…

မြောင်မြို့တွင် စစ်ဆေးရေးဂိတ်တာဝန်ကျ တပ်ကြပ်ကြီး အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံး

PSM (News) ဩဂုတ် ၁၇ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့တွင် စစ်ဆေးရေးဂိတ် တာဝန်ယူထားသည့် အာဏာလု စစ်တပ်မှ တပ်ကြပ်ကြီး ဇော်ကြီး ဆိုသူသည် ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက Beauty Salon (အလှပြင်ဆိုင်) တစ်ခု၌ ခေါင်းလျှော်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ…

ရွာငံတွင် အာဏာလု စစ်အုပ်စုက ကျေးရွာ ၃ ရွာမှ ပြည်သူများကို မောင်းထုတ်ပြီး နေအိမ်များမှ ပစ္စည်းများအား ခိုးယူလုယက်နေ

PSM (News) ဩဂုတ် ၁၇ ၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော အာဏာလု စစ်အုပ်စုသည် ဒေသခံ ပြည်သူများကို နေအိမ်များမှ အဓမ္မ မောင်းထုတ်၍ ပစ္စည်းများကို ခိုးယူ လုယက်မှုများ ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်း(Danu-PDF)က ယမန်နေ့ ဩဂုတ်…