PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ဂျာရက်ကူရှနာတို့သည် ဂါဇာငြိမ်းချမ်းရေးအတွက် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အချက် ၁၅ ချက်ပါ လမ်းပြမြေပုံကို ကယ်တင်နိုင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂါဇာဒေသတွင်းရှိ လူဦးရေ ၂ သန်းခန့်၏ အရေးနှင့် ပျက်စီးသွားသော နယ်မြေဒေသကို ပြန်လည်တည်ဆောက်ရေးတို့မှာ အရေးပါသည့် အနေအထားတွင် တည်ရှိနေသည်။ ပြီးခဲ့သည့်လက နေတန်ယာဟုသည် အဆိုပါလမ်းပြမြေပုံကို လူသိရှင်ကြား ငြင်းပယ်ခဲ့ပြီး၊ ဟားမတ်စ်ဘက်ကလည်း အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းမချင်း လက်နက်စွန့်မည်မဟုတ်ကြောင်း ပြောကြားထားသည်။ အမေရိကန်ဦးဆောင်သည့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးဘုတ်အဖွဲ့၏ ဒါရိုက်တာ နစ်ကိုလိုင်း မလာဒီနော့ဗ် အပါအဝင် ကူရှနာနှင့် ဘလဲတို့သည် တနင်္လာနေ့ ဆွေးနွေးပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။ သို့သော် အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့အကြား လက်နက်စွန့်လွှတ်ရေးနှင့် တပ်ဖွဲ့များ ဆုတ်ခွာရေး ကိစ္စရပ်များတွင် သဘောထားကွဲလွဲမှုများ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ကိုးကား-The Independent Post navigation ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ဗီဇာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကျောင်းပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် နှစ်ဦး သေဆုံး