PSM (News) ဩဂုတ် ၁၈ ၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ အာဏာပိုင်များ၏ ပြောကြားချက်အရ တောင်ပိုင်းဒေသရှိ ကက်သလစ်အလယ်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။နိုင်ငံအတွင်း နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ဇမ်ဘိုအန်ဂါ တောင်ပိုင်းမြို့ရှိ အေတီနီယို ဒီ ဇမ်ဘိုအန်ဂါ တက္ကသိုလ် နှင့် ချိတ်ဆက်ထားသော ကျောင်းတွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မြို့တော်ဝန် ခီမာ အာဒန် အိုလာဆိုက သေဆုံးသူ နှစ်ဦးစလုံးမှာ ကျောင်းသားများဖြစ်ပြီး တစ်ဦးမှာ “စွမ်းအားမြင့် လက်နက်” ကို အသုံးပြုခဲ့သည့် သေနတ်သမား ကိုယ်တိုင်ဖြစ်ကြောင်း DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။ ဒေသတွင်း မီဒီယာများတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်အရ သေနတ်သမားသည် စားပွဲတွင် ထိုင်နေသော ဆရာမကို ဦးစွာ ပစ်ခတ်ခဲ့သည်ကို တွေ့ရှိရကြောင်း အိုလာဆိုက ဆိုသည်။ “သူ လွဲသွားပုံရပြီး တခြားအခန်းကို ဆက်သွားတယ်… အဲဒီမှာ လဲကျသွားတဲ့ တခြားကျောင်းသားတစ်ယောက်ကို ထပ်ပစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ကိုးကား-CNA Post navigation ဂါဇာငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ စတင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် မွေ့ထိုင်း စခန်းမန်နေဂျာ ဖမ်းဆီးခံရ