.PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ဥရောပဗီဇာ လျှောက်ထားရာတွင် အသုံးပြုသည့် အတုပြုလုပ်ထားသည်ဟု သံသယရှိဖွယ် ဘဏ်စာရင်းရှင်းတမ်းများ၊ ဘဏ်တံဆိပ်တုံးများနှင့် အခြားအတုအယောင် စာရွက်စာတမ်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ ဗီဇာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ တာဝန်ရှိသူများသည် ငွေကြေးဆိုင်ရာ စာရွက်စာတမ်း ၂၀ ကျော်၊ ကွန်ပျူတာ ၄ လုံးနှင့် အခြားအတုပြုလုပ်ထားသည်ဟု ယူဆရသော ပစ္စည်း ဒါဇင်နှင့်ချီ၍ သိမ်းဆည်းရမိခဲ့သည်။ ဖောက်သည် ၄၀၀ ကျော် ထိခိုက်ခံစားခဲ့ရဖွယ်ရှိကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ပြီး အဆိုပါကုမ္ပဏီသည် ဖောက်သည်တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့ကာ စုစုပေါင်း ဘတ် ၁၆ သန်းကျော် ရှိကြောင်း သိရသည်။ အာဏာပိုင်များသည် သက်သေအထောက်အထားများကို ဆက်လက်စစ်ဆေးလျက်ရှိပြီး ပါတ်သက်ပတ်သက်သူ အခြားသူများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိသည်။ ကိုးကား-Khaosod Post navigation သမ္မတထရမ့်၏ အမိန့်ကြောင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ် ညွှန်ကြားခံရ ဂါဇာငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ စတင်