PSM (News)

မေ ၈ ၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုကို ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်သည်။

တော်လှန်ရေးတပ်ဖွဲ့များသည် အင်အား ၁၀၀ ခန့်ဖြင့်လောင်းလုံးမြို့နယ်၊ ဝေဒီရွာသို့ စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုကို ယမန်နေ့ မေ ၇ ရက်နေ့က ဒရုန်းဗုံးသီးများဖြင့် ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး လောင်းလုံးမြို့မရဲစခန်းကိုလည်း ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်မှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

ယင်းစစ်ဆင်ရေးကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုဘက်မှ ထပ်မံစစ်ကြောင်းထိုးလာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပွဲလမ်း သဘင်နှင့် သွားလာမှုများကို အထူးသတိထား ရှောင်ကြဉ်ကြရန် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့

By Htet Ko

You missed