PSM (NEWS)

မေ ၁၁၊ ၂၀၂၆

နှစ်လကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်၏ အဆိုပြုချက်အပေါ် အီရန်က တုံ့ပြန်ချက် ပေးပို့လိုက်ကြောင်း အီရန်အခြေစိုက်IRNA သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ တုံ့ပြန်ချက်ကို ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန် နိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

IRNA ၏ အဆိုအရ လက်ရှိ ဆွေးနွေးပွဲ အဆင့်တွင် ဒေသတွင်း တိုက်ခိုက်မှုများ ရပ်စဲရေးကိုသာ အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။ ယခု ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် ယာယီ နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးရန်ဖြစ်ပြီး၊ ဟော်မုဇ် ရေလက်ကြား အတွင်း ရေကြောင်း သွားလာမှုများ ပြန်လည် စတင်နိုင်ရန် ရည်ရွယ်သည်။

အီရန်၏ နျူကလီးယား စီမံကိန်း ကဲ့သို့သော ပိုမိုနက်ရှိုင်းသည့် အငြင်းပွားမှုများကိုမူ နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးသွားဖွယ် ရှိပါသည်။

ကိုးကား-Reuters

By Htet Ko

You missed