PSM (News)

မေ ၈ ၊ ၂၀၂၆

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်း ပါဝင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ Southern Eagle PDF တပ်ရင်းက တပ်သားသစ်များ ခေါ်ယူနေကြောင်း သိရသည်။

မကြာမီ စတင်တော့မည့် သင်တန်းအပတ်စဉ် (၈) အတွက် တိုက်ခိုက်ရေး၊ ဆေး၊ ဒရုန်းနှင့် ရုံးအဖွဲ့ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်ရန် တပ်သားသစ် အယောက် ၁၀၀ တိတိကို ခေါ်ယူသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

အာဏာရှင်ယန္တရားကို အမြစ်ပြတ်ချေမှုန်းလိုသည့် ဆန္ဒထက်သန်သူများအား လိုအပ်သည့် စစ်အသုံး အဆောင်ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ပြီး တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်မည့် သူများကို ကြိုဆိုနေကြောင်း Southern Eagle PDF က ယနေ့ မေလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ Southern Eagle PDF တပ်ရင်း Facebook Page Messenger ကနေ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။ လုံခြုံရေးအပိုင်းကိုလည်း အထူးစီစဉ်ထားတာကြောင့် စိတ်ချစွာ ဆက်သွယ် နိုင်ပါတယ်” ဟု Southern Eagle PDF ကဆိုသည်။

Southern Eagle PDF တပ်ရင်းသည် ပြီးခဲ့သည့် ဧပြီလအတွင်း KNLA ပူးပေါင်းတပ်များနှင့်အတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ လက်ယက်ကန်းစခန်း နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း သိမ်းတိုက်ပွဲများတွင် တက်ကြွစွာ ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ရင်းတစ်ခုဖြစ်သည်။

အဆိုပါ တပ်သားသစ်ခေါ်ယူမှုကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Southern Eagle PDF

By Htet Ko

You missed