PSM (NEWS) မေ ၁၁၊၂၀၂၆ အီရန်နိုင်ငံ၏ အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်သော ပင်လယ်ကွေ့အတွင်းရှိ ခါ့ဂ်ကျွန်း အနောက်ဘက်ပိုင်း၌ ရေနံအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ယခုသီတင်းပတ်အတွင်း ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိရပြီးနောက် ရေနံယိုစိမ့်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် အဆိုပါသတင်းများကို အီရန်ရေနံဆိပ်ကမ်းကုမ္ပဏီ က တနင်္ဂနွေနေ့တွင် ငြင်းဆိုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ကျွန်းအနီးရှိ သိုလှောင်ကန်များ၊ ပိုက်လိုင်းများ၊ ရေနံတင်ဆောင်သည့်နေရာများနှင့် ရေနံတင်သင်္ဘောများကို စစ်ဆေးခဲ့ရာတွင် ရေနံယိုစိမ့်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဒေသတွင်း ရေထုညစ်ညမ်းမှုဆိုင်ရာအဖွဲ့အစည်းဖြစ်သော ရေကြောင်းအရေးပေါ်အပြန်အလှန်ကူညီရေးဗဟိုဌာန (MEMAC) ကလည်း ထိုဒေသတွင် ယိုစိမ့်မှုလက္ခဏာ မရှိကြောင်း အစီရင်ခံထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါ အီရန်အရာရှိက သတင်းများထွက်ပေါ်လာပြီးနောက် အီရန်စစ်ဆေးရေးအဖွဲ့များသည် ကွင်းဆင်းစစ်ဆေးမှုများနှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများကို ထပ်မံလုပ်ဆောင်ခဲ့သော်လည်း ယိုစိမ့်မှု၏ “အသေးငယ်ဆုံး အစအန” ကိုမျှ မတွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation အီရန်-အမေရိကန် ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်မှုနှင့် ဒေသတွင်း အခြေအနေ မိုင်ယာမီအနီးတွင် စက်လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၁ ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားရ