အစ္စလာမ္မာဘတ်တွင် လုံခြုံရေးတင်းကျပ်ထားဆဲဖြစ်သော်လည်း အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရိပ်အယောင်မတွေ့ရသေး

PSM(NEWS) ဧပြီ ၂၅၊၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ် တွင် ပြင်ဆင်စောင့်ဆိုင်းနေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်သော်လည်း နှစ်ဖက်တွေ့ဆုံမည့် အရိပ်အယောင်များ မတွေ့ရသေးဘဲ မြို့တော်၏ အစိတ်အပိုင်းအတော်များများကို အာဏာပိုင်များက ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သော “Red Zone” သို့ ဦးတည်သည့် အဓိကလမ်းမကြီးများကို ပိတ်ထားပြီး တင်းကျပ်သော လုံခြုံရေးစည်းဝိုင်းများ…

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မှ စပိန်ကိုရပ်ဆိုင်းရန်နှင့် အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာသည့်မဟာမိတ်အက်ကြောင်းများအပေါ် ပင်တဂွန်စဉ်းစားနေ

PSM(NEWS) ဧပြီ ၂၅၊၂၀၂၆ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အမေရိကန်၏ စစ်ဆင်ရေးများကို ထောက်ခံရန် ပျက်ကွက်ခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်နိုင်ငံများကို အရေးယူရန် ရွေးချယ်စရာနည်းလမ်းများအား ပင်တဂွန်၏ပြည်တွင်းအီးမေးလ်တစ်ခုတွင်အသေးစိတ်ဖော်ပြထားကြောင်းအမေရိကန်အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။ ထိုအရေးယူမှုများတွင် စပိန်နိုင်ငံကို မဟာမိတ်အဖွဲ့မှ ခေတ္တရပ်ဆိုင်းခြင်းနှင့် ဗြိတိန်ပိုင် ဖောက်ကလန်ကျွန်းစုအပေါ် အမေရိကန်၏ သံတမန်ရေးရာ ထောက်ခံမှုကို ပြန်လည်သုံးသပ်ခြင်းတို့ ပါဝင်နေသည်။ အီရန်စစ်ပွဲတွင် အခြေစိုက်စခန်းနှင့်…

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း၊ အာဏာလုသမ္မတ မင်းအောင်လှိုင်က မြို့နယ် ၆၀ ကို အရေးပေါ်အမိန့်ထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးတိုးမြှင့်

ဧပြီ ၂၄၊၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ယနေ့ (သောကြာနေ့) တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများဆီသို့ ဦးတည်သည့် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ကြောင်းလည်း ဆိုသည်။ “အာဆီယံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းပြီး…

အာဏာလုစစ်အုပ်စုက တော်လှန်ရေးအင်အားစုများအား သွေးခွဲရန် အယောင်ဆောင် အလင်းဝင် ပြပွဲများဖြင့် ဝါဒဖြန့်လာ

PSM(News) ဧပြီ ၂၄ ၊ ၂၀၂၆ ရခိုင်နှင့် အညာဒေသအပါအဝင် နိုင်ငံအနှံ့အပြားတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် အာဏာလုစစ်အုပ်စုသည် ၎င်းတို့၏ ကျဆုံးခန်းကို ဖုံးကွယ်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန်အတွက် “အလင်းဝင်” အခမ်းအနားများ ပြုလုပ်ကာ ဝါဒဖြန့်ချိမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရသည်။ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် ယနေ့ ဧပြီ ၂၄ ရက်နေ့က လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ…

အာဏာလုစစ်အုပ်စု၏ လက်နက်ထုတ်လုပ်ရေးအခြေစိုက် ကပစ (၂၄) ကို တော်လှန်ရေးပူးပေါင်းတပ်များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စက်ရုံအဆောက်အဦ မီးလောင်ပေါက်ကွဲ

PSM(News) ဧပြီ ၂၄၊ ၂၀၂၆ မကွေးတိုင်းအတွင်းရှိ အာဏာလုစစ်အုပ်စု၏ လက်နက်ကုန်ကြမ်း ထုတ်လုပ်ရေးနှင့် ဗျူဟာမြောက် အခြေစိုက်စခန်းဖြစ်သော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောက်အဦ မီးလောင်ပေါက်ကွဲကာ အကြီးအကျယ် အထိနာခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မကွေးတိုင်း ပကဖ (MGY –…

မြန်မာနိုင်ငံ၊ကရင်ပြည်နယ်ရှိ တိုင်ချန်း ကျားဖြန့်ဂိုဏ်းများအား နှိမ်နင်းရန် အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးငွေ ထုတ်ပြန်

PSM(NEWS) ဧပြီ ၂၄၊၂၀၂၆ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း အခြေစိုက်၍ အမေရိကန်နိုင်ငံသားများထံမှ ဘီလီယံနှင့်ချီ၍ လိမ်လည်နေသည့် တိုင်ချန်းကျားဖြန့်အဆောက်အအုံများကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် အမေရိကန်အစိုးရက ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်လိုက်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို(US INL)နှင့် တရားမျှတရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဆိုင်ရာ ဆုကြေးငွေအစီအစဉ် (TOCRP) အောက်မှ…