PSM (News)

ဇူလိုင် ၁၀၊ ၂၀၂၆

ပြင်သစ်လက်ရွေးစင်အသင်းသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် မော်ရိုကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပီသည် အဆိုပါပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ်ဂိုးတစ်ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် ယခုနှစ် ကမ္ဘာ့ဖလားတွင် ကိုယ်ပိုင်ဂိုးသွင်းယူမှု ၈ ဂိုးအထိ ရှိလာပြီဖြစ်သည်။

ပွဲချိန် မိနစ် ၆၀ တွင် အမ်ဘတ်ပီက သွင်းယူပေးခဲ့သည့်ဂိုးမှာ ၎င်း၏ ကမ္ဘာ့ဖလား သက်တမ်းတစ်လျှောက် ၂၀ မြောက် ဂိုးဖြစ်သည်။ ထို့နောက် ပွဲချိန် မိနစ် ၆၆ တွင် အူစမန် ဒမ်ဘီလီကပြင်သစ်အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။

ပြင်သစ်အသင်းသည် လာမည့် အင်္ဂါနေ့တွင် ဒါးလက်စ်မြို့၌ ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန် သို့မဟုတ် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

By Htet Ko