Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

အီတလီနိုင်ငံက စပိန်နိုင်ငံအတွက် နယ်စပ်စစ်ဆေးမှုများကို ပြန်လည်တင်းကျပ်

PSM (News) ဩဂုတ်၂၊၂၀၂၆ မော်ရိုကိုနိုင်ငံမှ စပိန်ပိုင် ဆီယူတာ နယ်မြေအတွင်းသို့ ရွှေ့ပြောင်းအခြေချသူများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ၏ နယ်စပ်ဖြတ်သန်းခွင့် ကင်းလွတ်ခွင့်ရှိသော ရှန်ဂန် သဘောတူညီချက်ကို စပိန်နိုင်ငံအတွက် တစ်လကြာ ရပ်ဆိုင်းလိုက်ကြောင်း အီတလီနိုင်ငံက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း အဆိုပါ အစီအမံသည် စပိန်နိုင်ငံသားများ သို့မဟုတ် အီတလီသို့…

အစ္စရေးစစ်တပ်က အနောက်ဖက်ကမ်းရှိ ကျေးရွာတစ်ရွာတွင် ဖြိုခွင်းမှုများလုပ်ဆောင်နေစဉ် အခြေချနေထိုင်သူများ ချီတက်ဆန္ဒပြ

PSM (News) ဩဂုတ် ၂ ၊၂၀၂၆ အနောက်ဖက်ကမ်း၊ တဲလ် – အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းရှိ တဲလ်ကျေးရွာသို့ အစ္စရေးအခြေချနေထိုင်သူ အယောက် ၁၀၀ ကျော် ချီတက်လာခဲ့ကြပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များသည် သောက်ကြာနေ့တွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဒဏ်ရာရစေခဲ့ကာ အနည်းဆုံး သုံးဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာဝင်ပေါက်များကို ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။…

ရုရှားနိုင်ငံ ဗိုလ်ဂိုဂရက်မြို့ရှိ စွမ်းအင်စက်ရုံနှင့် ဂိုဒေါင်များတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်း

PSM(News) ဩဂုတ် ၁၊၂၀၂၆ ရုရှားနိုင်ငံ၊ ဗိုလ်ဂိုဂရက် ဒေသရှိ စွမ်းအင်စက်ရုံနှင့် ဂိုဒေါင်များတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ သောကြာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အာဏာပိုင်များက ထုတ်ပြန်ရန် နှောင့်နှေးနေဆဲဖြစ်သော်လည်း အဆိုပါ ဒေသသည် လူကိုရွိုင်းပိုင်ဆိုင်သည့် ရေနံချက်စက်ရုံ…

တရုတ်သမ္မတ ရှီကျင်းပင် စစ်တပ်အတွင်း အဂတိတိုက်ဖျက်ရေးနှင့် ခေတ်မီရေးကို တိုက်တွန်း

PSM (News) ဩဂုတ် ၁၊၂၀၂၆ တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်သည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုကို ပိုမိုနက်နက်ရှိုင်းရှိုင်း တိုက်ဖျက်ရန်နှင့် အမျိုးသားကာကွယ်ရေး ခေတ်မီတိုးတက်မှုကို မြှင့်တင်ရန် ပေါ်လစ်ဗျူရို အစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ “သေနတ်ပြောင်းဝသည် ပါတီ၏ အမိန့်ကို အမြဲတမ်း နာခံရမည်” ဟု ၎င်းက ဆိုကာ မောင်းသူမဲ့နည်းပညာများနှင့် ဆိုက်ဘာစနစ်များပါဝင်သည့် ဉာဏ်ရည်ထက်မြက်သော စစ်ရေးစနစ်တစ်ခု…

ရုရှားအီးကွန်မာ့စ်ကုမ္ပဏီ Ozon ၏ တာတန်စတန် ဂိုဒေါင် ယူကရိန်းဒရုန်းသတိပေးချက်ကြောင့် ရွှေ့ပြောင်းခဲ့ရ

PSM (News) ဩဂုတ် ၁၊၂၀၂၆ ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းဖြစ်သော Ozon သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် တာတန်စတန်ဒေသ၊ ဇီလီနိုဒေါ့စ်ခ် မြို့ရှိ ၎င်းတို့၏ ဂိုဒေါင်ကို ယူကရိန်း၏ ဒရုန်းအန္တရာယ် သတိပေးချက်ကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ယူကရိန်းဒရုန်း သတိပေးချက်ကြောင့်…

ဥရောပသမဂ္ဂ (EU) ကအွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်၍မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့ကို ဒဏ်ခတ်အရေးယူ

PSM(News) ဩဂုတ် ၁၊၂၀၂၆ ဥရောပသမဂ္ဂ (EU) သည် ကြာသပတေးနေ့က ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား လိမ်လည်နေသော အွန်လိုင်းငွေကြေးလိမ်လည်မှု (Cyberscam) ကွန်ရက်များနှင့် ဆက်စပ်သူများကို အတားအဆီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ ဤပိတ်ဆို့မှုတွင် ဘီလီယံနှင့်ချီသည့် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော Prince Holding Group နှင့် ၎င်း၏ ဥက္ကဋ္ဌ…

စပိန်နိုင်ငံ ဆူတာမြို့နယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု ပြန်လည်ကျဆင်း

PSM (News) ဩဂုတ် ၁၊၂၀၂၆ စပိန်နိုင်ငံ ဆူတာမြို့နယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။ဝင်ရောက်လာသူထက်ဝက်ခန့်မှာမူဆန္ဒအလျောက်ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စပိန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ကြာသပတေးနေ့ မနက်ပိုင်းမှစတင်၍ လူပေါင်း ၅၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူပေါင်း ၂၅,၀၀၀ ခန့်မှာမူ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ခန့်မှန်းဖော်ပြခဲ့သည်။ သို့သော် ဒေသန္တရအစိုးရ တာဝန်ရှိသူများကမူ လူပေါင်း ၆၀,၀၀၀…

အာဏာလုစစ်အုပ်စု၏ ကျောက်ခက်ကျားဖြန့် နှိမ်နင်းမှုမှာ ဟန်ပြသာဖြစ်ပြီး စွပ်စွဲချက်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNU ထုတ်ပြန်

PSM(News) ဇူလိုင် ၃၁၊ ၂၀၂၆ အာဏာလု စစ်အုပ်စုက ကျောက်ခက်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများကို စီးနင်းနှိမ်နင်းခဲ့ သည်ဆိုသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ယနေ့ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)…

အင်းတော်တွင် မူးယစ်ဆေးသုံးစွဲသူများအား NUG လက်အောက်ခံ ပလဖ က ပစ်ခတ်ဖမ်းဆီးစဉ် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံး

PSM (News) ဇူလိုင် ၃၁ ၊၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အနောက်ခြမ်း၊ အလယ်ကျွန်းကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က မူးယစ်ဆေးသုံးစွဲသူများအား ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလာနေသည့် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် နံနက် ၉…

DKBA မှ ၁၁ နှစ်ကြာ ထုတ်ပယ်ခံခဲ့ရသူ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အင်အား ၃၅၀ ခန့် မိခင် အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်း

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၁ ၊ ၂၀၂၆ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ အမိန့်ကို နာခံခြင်းမရှိဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၅၀ ခန့်သည် မိခင် DKBA ထံသို့ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။…

You missed