PSM(News) ဩဂုတ် ၁၊၂၀၂၆ ဥရောပသမဂ္ဂ (EU) သည် ကြာသပတေးနေ့က ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား လိမ်လည်နေသော အွန်လိုင်းငွေကြေးလိမ်လည်မှု (Cyberscam) ကွန်ရက်များနှင့် ဆက်စပ်သူများကို အတားအဆီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ ဤပိတ်ဆို့မှုတွင် ဘီလီယံနှင့်ချီသည့် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော Prince Holding Group နှင့် ၎င်း၏ ဥက္ကဋ္ဌ ချန်ကျီ တို့အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ကို ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ထားခြင်း နှင့် ဗီဇာပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငွေကြေးလိမ်လည်သည့် စခန်းများတွင် လူကုန်ကူးခံရသူများအား အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။ ကိုးကား-Thai PBS Post navigation စပိန်နိုင်ငံ ဆူတာမြို့နယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု ပြန်လည်ကျဆင်း ရုရှားအီးကွန်မာ့စ်ကုမ္ပဏီ Ozon ၏ တာတန်စတန် ဂိုဒေါင် ယူကရိန်းဒရုန်းသတိပေးချက်ကြောင့် ရွှေ့ပြောင်းခဲ့ရ