PSM (News) ဩဂုတ် ၁၊၂၀၂၆ တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်သည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုကို ပိုမိုနက်နက်ရှိုင်းရှိုင်း တိုက်ဖျက်ရန်နှင့် အမျိုးသားကာကွယ်ရေး ခေတ်မီတိုးတက်မှုကို မြှင့်တင်ရန် ပေါ်လစ်ဗျူရို အစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ “သေနတ်ပြောင်းဝသည် ပါတီ၏ အမိန့်ကို အမြဲတမ်း နာခံရမည်” ဟု ၎င်းက ဆိုကာ မောင်းသူမဲ့နည်းပညာများနှင့် ဆိုက်ဘာစနစ်များပါဝင်သည့် ဉာဏ်ရည်ထက်မြက်သော စစ်ရေးစနစ်တစ်ခု တည်ထောင်ရန်နှင့် တိုက်ပွဲဝင်စွမ်းရည် မြှင့်တင်ရန် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ တိုက်တွန်းမှုများသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း၏ ၉၉ နှစ်မြောက် နှစ်ပတ်လည်နေ့ မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အဂတိသန့်စင်မှုများနှင့် ကွပ်ကဲရေး အားနည်းချက်များ ရှိနေသည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် မှတ်ယူကာ အင်အားသုံးရန် ငြင်းဆိုထားခြင်း မရှိသလို ကာကွယ်ရေးဝန်ကြီး တုန်ကျွန်ကလည်း စစ်တပ်အနေဖြင့် ထိုင်ဝမ်ထွက်ရေးနှင့် ပြည်ပစွက်ဖက်မှုများကို ဟန့်တားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုးကား- Reuters Post navigation ရုရှားအီးကွန်မာ့စ်ကုမ္ပဏီ Ozon ၏ တာတန်စတန် ဂိုဒေါင် ယူကရိန်းဒရုန်းသတိပေးချက်ကြောင့် ရွှေ့ပြောင်းခဲ့ရ ရုရှားနိုင်ငံ ဗိုလ်ဂိုဂရက်မြို့ရှိ စွမ်းအင်စက်ရုံနှင့် ဂိုဒေါင်များတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်း