PSM(News) ဩဂုတ် ၁၊၂၀၂၆ ရုရှားနိုင်ငံ၊ ဗိုလ်ဂိုဂရက် ဒေသရှိ စွမ်းအင်စက်ရုံနှင့် ဂိုဒေါင်များတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ သောကြာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အာဏာပိုင်များက ထုတ်ပြန်ရန် နှောင့်နှေးနေဆဲဖြစ်သော်လည်း အဆိုပါ ဒေသသည် လူကိုရွိုင်းပိုင်ဆိုင်သည့် ရေနံချက်စက်ရုံ တည်ရှိရာ နေရာဖြစ်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူ ငါးဦးစလုံးမှာ ဆေးဝါးကုသမှုများကို ခံယူနေကြသည်။ အွန်လိုင်း လက်လီအရောင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Wildberries ကလည်း ဗိုလ်ဂိုဂရက်မြို့ရှိ ၎င်းတို့၏ ထောက်ပံ့ပို့ဆောင်ရေး စင်တာတစ်ခု မီးလောင်ကျွမ်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အိမ်နီးချင်း တောင်ပိုင်း ရော့စတော့ဗ် ဒေသ၊ ဂူကိုဗို မြို့တွင်လည်း ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။ ယူကရိန်းနိုင်ငံသည် ရုရှား၏ စစ်ရေးစွမ်းရည်ကို ချိနဲ့စေရန်နှင့် လေးနှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်သော ပဋိပက္ခကို အဆုံးသတ်စေရန် ရည်ရွယ်၍ ရုရှားနိုင်ငံအတွင်းပိုင်းရှိ စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားကာ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို မကြာသေးခင်ရက်ပိုင်းအတွင်း ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေသည်။ ကိုးကား-Reuters Post navigation တရုတ်သမ္မတ ရှီကျင်းပင် စစ်တပ်အတွင်း အဂတိတိုက်ဖျက်ရေးနှင့် ခေတ်မီရေးကို တိုက်တွန်း အစ္စရေးစစ်တပ်က အနောက်ဖက်ကမ်းရှိ ကျေးရွာတစ်ရွာတွင် ဖြိုခွင်းမှုများလုပ်ဆောင်နေစဉ် အခြေချနေထိုင်သူများ ချီတက်ဆန္ဒပြ