PSM (News) ဩဂုတ် ၂ ၊၂၀၂၆ အနောက်ဖက်ကမ်း၊ တဲလ် – အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းရှိ တဲလ်ကျေးရွာသို့ အစ္စရေးအခြေချနေထိုင်သူ အယောက် ၁၀၀ ကျော် ချီတက်လာခဲ့ကြပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များသည် သောက်ကြာနေ့တွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဒဏ်ရာရစေခဲ့ကာ အနည်းဆုံး သုံးဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာဝင်ပေါက်များကို ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် အပတ်က အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလေးဦးနှင့် အစ္စရေးနှစ်ဦး သေဆုံးခဲ့ရပြီး၊ ယင်းဖြစ်ရပ်ကို ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် လက်နက်ကိုင် အခြေချနေထိုင်သူများက ပါလက်စတိုင်းများကို တွန်းထိုးနေသည့် ဗီဒီယိုဖိုင်များ နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ပါလက်စတိုင်းကျေးရွာသားများကမူ ၎င်းတို့၏ မြေယာများမှ နှင်ထုတ်ရန် ရည်ရွယ်သည့် အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုများမှ ခုခံကာကွယ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဤသည်မှာ အနောက်ဖက်ကမ်း၌ သုံးနှစ်ဆက်တိုက် ဖြစ်ပွားနေသည့် အဆိုပါအကြမ်းဖက်မှုများ၏ နောက်ဆုံးပေါ် အခြေအနေပင်ဖြစ်သည်။ ကိုးကား-Reuters Post navigation ရုရှားနိုင်ငံ ဗိုလ်ဂိုဂရက်မြို့ရှိ စွမ်းအင်စက်ရုံနှင့် ဂိုဒေါင်များတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်း အီတလီနိုင်ငံက စပိန်နိုင်ငံအတွက် နယ်စပ်စစ်ဆေးမှုများကို ပြန်လည်တင်းကျပ်