Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား

လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ပေ ၅၀ ခန့် တာကျိုး၍ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်နေပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရ

PSM(News) ဇူလိုင် ၃၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာသည် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် အလျား ပေ ၅၀ ခန့် တာကျိုးပေါက်သွားခဲ့သဖြင့် ရပ်ကွက်နှင့် ကျေးရွာအချို့အတွင်းသို့ ရေများ ပြင်းထန်စွာ ဝင်ရောက်လာပြီး ဒေသခံ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ အရေးပေါ် ကူညီ ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊…

အီရန်ကို ထိန်းချုပ်ရန် တရုတ်ကို ပင်လယ်ကွေ့နိုင်ငံများ မျှော်လင့်

PSM (News) ဇူလိုင် ၃၀၊ ၂၀၂၆ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲများ တကျော့ပြန် ပြင်းထန်လာမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် အီရန်အပေါ် ၎င်း၏ စီးပွားရေး သက်ရောက်မှုကို အသုံးပြု၍ ပင်လယ်နီနှင့် ဟော်မုဇ်ရေလက်ကြားများကို ဖွင့်လှစ်ပေးရန် ပင်လယ်ကွေ့ အာရပ်နိုင်ငံများက တောင်းဆိုနေကြသည်။ ယခုတောင်းဆိုမှုသည် ပေကျင်း၏ ဒေသတွင်း သြဇာအပေါ် စမ်းသပ်မှုတစ်ခု ဖြစ်လာသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို…

အိန္ဒိယဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြင့် ၁၃ ဦးအား အမှုဖွင့်အရေးယူ

PSM (News) ဇူလိုင် ၃၁၊၂၀၂၆ အိန္ဒိယနိုင်ငံ၏ အမျိုးသားဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းလွှာများ ပေါက်ကြားမှုနှင့် ဆက်စပ်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) သည် လူ ၁၃ ဦးကို တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။ ယင်းမေးခွန်းပေါက်ကြားမှု အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အရေးယူမှု ထွက်ပေါ်လာခြင်း…

အိန္ဒိယနိုင်ငံ၏ Reliance ကုမ္ပဏီ ဇူလိုင်လအတွင်း ဥရောပနှင့် ဘရာဇီးနိုင်ငံများသို့ ဒီဇယ်တင်ပို့မှုကို မြှင့်တင်

PSM(News) ဇူလိုင် ၃၁၊၂၀၂၆ အိန္ဒိယနိုင်ငံ၏ ရေနံချက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော Reliance Industries သည် ဇူလိုင်လအတွင်း ဥရောပနှင့် ဘရာဇီးနိုင်ငံများသို့ ဒီဇယ်တင်ပို့မှုကို တိုးမြှင့်လိုက်ကြောင်း သင်္ဘောလမ်းကြောင်းခြေရာခံ စာရင်းအချက်အလက်များနှင့် ကုန်သွယ်ရေးသတင်းရင်းမြစ်များက ဖော်ပြသည်။ ယင်းကဲ့သို့ တင်ပို့မှုတိုးမြှင့်ခြင်းသည် အမေရိကန်-အီရန် စစ်ပွဲနှင့် ရုရှားနိုင်ငံ၏ တင်ပို့မှုပိတ်ပင်ချက်တို့ကြောင့် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသော လောင်စာဆီပြတ်လပ်ကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ဖွယ် ရှိနေသည်။ Jamnagarရေနံချက်စက်ရုံမှ…

ယူကေနိုင်ငံ ဆပ်ဖ်ဖော့ဒေသတွင် ကြီးမားသည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

PSM (News) ဇူလိုင် ၃၁၊၂၀၂၆ ယူကေနိုင်ငံ၊ ဆပ်ဖ်ဖော့ဒေသရှိ ဒန်ဝစ်ချ်ဟိသ်တွင် အလွန်ပြင်းထန်သော တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက “အရေးပေါ် အကျပ်အတည်းအခြေအနေ” (Major Incident) ကို ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ မီးလောင်ရာနေရာအနီးတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ရှိနေပြီး၊ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင် အနည်ဆုံး ၉၀ ဦးက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အပြင်းအထရ် ဆောင်ရွက်နေကြသည်။ ပြင်းထန်သော…

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော်လွန်ပြီဖြစ်၍ အသက်ရှင်နေထိုင်မှုကို သက်သေပြရန်နှင့် တွေ့ဆုံခွင့်ရရှိရေး ကိုထိန်လင်း တောင်းဆို

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အာဏာလုစစ်အုပ်စုက မတရား ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်လွန် သွားပြီဖြစ်သည်။ ထိုသို့ဖမ်းဆီထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့ထိတိုင် အသက်ရှင်နေထိုင်ကြောင်း ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရရှိသေးသဖြင့် အဆုံးသတ် တိတ်ဆိတ်မနေကြရန်…

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် “ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်း” သဘောတူ အတည်ပြု

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် အနာဂတ် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ဒေသအခြေပြု တော်လှန်ရေးအင်အားစု ခုနစ် ဖွဲ့က “ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း” ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ…

ဒိုက်ဦးထောင်၌ ဆေးကုသခွင့် မရသဖြင့် မွေးကင်းစကလေး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက် တိုက်ပိတ် ညှဉ်းပန်းခံနေရ

PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအား ဆေးကုသခွင့် ငြင်းပယ်ထားမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက်အပြုံလိုက် တိုက်ပိတ်ကာ စနစ်တကျ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံနေရကြောင်း ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင်…

ထိုင်းနိုင်ငံ၊အယုတ္တယတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေသူနှစ်ဦး ဖမ်းဆီးခံရ

PSM (News) ဇူလိုင် ၃၀၊၂၀၂၆ ထိုင်းနိုင်ငံ၊ အယုတ္တယခရိုင်၊ ဘန်းပအင်မြို့နယ်ရှိ စပါးခင်းဘေး ယာယီစခန်းတစ်ခုတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေကြသည့် အသက် ၆၃ နှစ်နှင့် ၆၇ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့ကဖမ်းဆီးလိုက်သည်။ အဆိုပါနေရာသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဖူးသည့်…

ဘီလာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေး

PSM (News) ဇူလိုင် ၃၀၊ ၂၀၂၆ ဘီလာရုစ်နိုင်ငံ၏ နိုင်ငံတော် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒီမီထရီ ပန်တပ်စ် သည် ဇူလိုင်လ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခဲ့ကြောင်း REFORM.news သတင်းဌာနက ဖော်ပြခဲ့သည်။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနည်းပညာ နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်အားကောင်းစေရန်နှင့် ပိုမိုနက်ရှိုင်းစေရန် အပြန်အလှန် စိတ်ပါဝင်စားမှုရှိကြကြောင်း…

You missed