Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ထိုင်းနိုင်ငံ၊နန်ခရိုင် ရေဘေးရှင်းလင်းရေးအတွက် အစိုးရက ဘတ်သန်း ၁၀၀ ခွဲဝေချထားပေး

PSM (News) ဩဂုတ် ၂၃၊၂၀၂၆ ထိုင်းအစိုးရသည် နန်ခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ငွေကြေးလျော်ကြေးများ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကို အတည်ပြုထုတ်ပြန်လိုက်သည်။ထို့အပြင် တော်ဝင်ထိုင်းကြည်းတပ်မှ အင်ဂျင်နီယာများနှင့် စက်ယန္တရားများကို စေလွှတ်ကာ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် ရော့ချာနန် ဝေါင်ဆာဝပ်၏ ဦးဆောင်မှုဖြင့် အပြင်းအထန် ထိခိုက်ပျက်စီးခဲ့ရသော ပူအာ…

ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းခွင့် အီရတ် ရေနံတင်သင်္ဘောအချို့အား အီရန် ခွင့်ပြုချက်ပေး

PSM (News) ဩဂုတ် ၂၃၊၂၀၂၆ အီရတ်နိုင်ငံ၏ တောင်းဆိုချက်အရ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာရန် အီရတ် ရေနံတင်သင်္ဘောအချို့ကို အီရန်နိုင်ငံက ခွင့်ပြုလိုက်ကြောင်း အီရန်ပိုင် IRNA သတင်းဌာနက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အီရတ်ခရီးစဥ်အတွင်း ယင်းကိစ္စမှာ အဓိက တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်။ ရေနံတင်သင်္ဘောများ ဖြတ်သန်းနိုင်ရေး အီရန်က အဆင်ပြေစေခဲ့သော်လည်း အဆိုပါကိစ္စမှာ ရှုပ်ထွေးဆဲဖြစ်ကြောင်း…

ကောလင်းတွင် ရေပြန်ကျသွားသော်လည်း စစ်ဘေးရှောင်ရေဘေးသင့်သူများ အတွက် အကူအညီနှင့် ပြန်လည် ထူထောင်ရေးကူညီမှုများ လိုအပ်နေ

PSM(News) ဩဂုတ် ၂၂ ၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး ဒုက္ခကြုံတွေ့ခဲ့ရသည့် စစ်ဘေးရှောင်နှင့် ဒေသခံ ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ခန့်ရှိနေပြီး လက်ရှိတွင် ရေပြန်ကျသွားသော်လည်း အရေးပေါ် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေး ကူညီမှုများ ဆက်လက် လိုအပ်နေကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။ အဆိုပါ…

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံဘဲ မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထုတ်ပြန်၊ ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၈ ချက် ချမှတ်

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ကြောင်း NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလ (၈)ကြိမ်မြောက် အစည်းအဝေးအပြီးတွင် ထုတ်ပြန် ကြေညာသည်။ NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလ…

တောင်တွင်းကြီးတွင် စစ်တပ် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား သေဆုံးဒဏ်ရာရ

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အာဏာလု စစ်တပ်၏ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်ဖွဲ့၀င်များ အများအပြား သေဆုံးကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အောင်လံမြို့နယ်ဘက်မှ တောင်တွင်းကြီးမြို့နယ်ဘက်သို့ ရန်ကုန်-မန္တလေး အမှတ် (၂) ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာသည့်…

မင်းတုန်း-မအီ လမ်းကြောင်းနှင့် ရခိုင်ရိုးမကို ထိုးဖောက်ရန်အတွက် အာဏာလု စစ်အုပ်စုက စစ်ကူအင်အား ၂,၀၀၀ ကျော် ပို့ဆောင်

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်ထားသည့် မင်းတုန်း – မအီ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ရေးနှင့် ရခိုင်ရိုးမ တောင်ခြေကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အာဏာလု စစ်အုပ်စုက စစ်ကူ အင်အား ၂,၀၀၀ ကျော် အလုံအရင်းဖြင့် ထပ်မံ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်း မြစ်များထံမှ သိရသည်။ သရက်မြို့နယ်ရှိ…

တောင်တရုတ်ပင်လယ် မုန်တိုင်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့ မိုးရက်ဆက်ရွာနိုင်၊ ဘားအံ၊ မြဝတီ၊ ရွှေကျင်နှင့် ဘီးလင်းတို့တွင် မြစ်ရေလျှံမှု အန္တရာယ် သတိပေး

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းနှင့် အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းမွန်မှုတို့ကြောင့် လာမည့် ဩဂုတ် ၂၄ ရက်အထိ မြန်မာနိုင်ငံ တစ်ဝန်း၌ ရက်ဆက် မိုးရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) နှင့် မိုးလေဝသ စောင့်ကြည့်လေ့လာချက်များအရ သိရသည်။ ထို့ကြောင့် တောင်တန်းဒေသများတွင် ရုတ်တရက် တောင်ကျရေဆင်းခြင်း၊ မြေပြိုခြင်းနှင့်…

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

PSM (News) ဩဂုတ် ၂၂ ၊၂၀၂၆ အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့သည် “Ulchi Freedom Shield” နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မူလသတ်မှတ်ထားသည့်ရက်ထက် ခြောက်ရက်စောကာ သောကြာနေ့တွင် အပြီးသတ် ရပ်စဲလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာ မြောက်ကိုရီးယားဘက်သို့ ချစ်ကြည်ရေးပြသသည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း မြောက်ကိုရီးယားကမူ ဤအချက်သည် ဆွေးနွေးပွဲများသို့ ပြန်လည်လာရောက်ရန် မလုံလောက်သေးကြောင်း…

ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီသမဂ္ဂဆယ်စုနှစ်တစ်ခုအတွင်းပထမဆုံးအကြိမ်အလုပ်သမားများအလုံးစုံသပိတ်မှောက်

PSM (News) သြဂုတ် ၂၂၊ ၂၀၂၆ လုပ်ခလစာ တိုးမြှင့်ရေး ဆွေးနွေးပွဲများ အဟန့်အတားဖြစ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ ဟွန်ဒိုင်းမော်တော်ကား (Hyundai Motor) ကုမ္ပဏီ သမဂ္ဂသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၁ ရက် (သောကြာနေ့) က အလုပ်သမားများ အလုံးစုံသပိတ်မှောက်မှုကို စတင်ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ သပိတ်မှောက်မှုတွင် ဟွန်ဒိုင်းမော်တော်ကား…

ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ အစိုးရလက်ထက် ပထမဆုံးအကြိမ် သေဒဏ်ပေး ကွပ်မျက်

PSM (News) ဩဂုတ် ၂၂ ၊၂၀၂၆ ဂျပန်ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ၏ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေး ကွပ်မျက်မှုကို သောကြာနေ့ (သြဂုတ်လ ၂၁ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း လူစည်ကားရာ ပါချင်ကို (pachinko) ကာစီနိုအလောင်းအစားဆိုင်ကို မီးရှို့ခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးကာ…

You missed