PSM (News) သြဂုတ် ၂၂၊ ၂၀၂၆ လုပ်ခလစာ တိုးမြှင့်ရေး ဆွေးနွေးပွဲများ အဟန့်အတားဖြစ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ ဟွန်ဒိုင်းမော်တော်ကား (Hyundai Motor) ကုမ္ပဏီ သမဂ္ဂသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၁ ရက် (သောကြာနေ့) က အလုပ်သမားများ အလုံးစုံသပိတ်မှောက်မှုကို စတင်ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ သပိတ်မှောက်မှုတွင် ဟွန်ဒိုင်းမော်တော်ကား သမဂ္ဂဝင် အင်အား ၄၀,၀၀၀ ခန့် ပူးပေါင်းပါဝင်ရန် မျှော်လင့်ထားပြီး၊ အငြိမ်းစားယူမည့် အသက်အရွယ် ကန့်သတ်ချက်ကို မြှင့်တင်ပေးရန်နှင့် ဉာဏ်ရည်တု (AI) နှင့် စက်ရုပ် အလိုအလျောက်စနစ်များကြောင့် အလုပ်အကိုင် လုံခြုံရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုလျက် ရှိသည်။ ယခုကဲ့သို့ တစ်ရက်တာ သပိတ်မှောက်မှုသည် နိုင်ငံအတွင်း အလုပ်သမားရေးရာ မတည်ငြိမ်မှုများ မြင့်တက်လာနေမှုကို ပြသနေပြီး၊ ယခုနှစ်အတွင်း Yonhapသတင်းဌာန၏ ခန့်မှန်းချက်အရ တစ်စိတ်တစ်ပိုင်း သပိတ်မှောက်မှုများကြောင့် မော်တော်ကား အစီးရေ ၅၅,၂၀၀ ကျော် ထုတ်လုပ်မှု ထိခိုက်ခဲ့ကာ တန်ဖိုးအားဖြင့် ဝမ် ၂.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆၇ ဘီလီယံ) ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ အစိုးရလက်ထက် ပထမဆုံးအကြိမ် သေဒဏ်ပေး ကွပ်မျက် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး