PSM (News) ဩဂုတ် ၂၃၊၂၀၂၆ ထိုင်းအစိုးရသည် နန်ခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ငွေကြေးလျော်ကြေးများ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကို အတည်ပြုထုတ်ပြန်လိုက်သည်။ထို့အပြင် တော်ဝင်ထိုင်းကြည်းတပ်မှ အင်ဂျင်နီယာများနှင့် စက်ယန္တရားများကို စေလွှတ်ကာ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် ရော့ချာနန် ဝေါင်ဆာဝပ်၏ ဦးဆောင်မှုဖြင့် အပြင်းအထန် ထိခိုက်ပျက်စီးခဲ့ရသော ပူအာ (Pua) ခရိုင်ကို ၇ ရက်အတွင်း အပြီးသတ် သန့်ရှင်းရေးလုပ်ရန် ရည်မှန်းချက် ချမှတ်ထားသည်။ ဒေသခံများမှာ အိမ်များကို ကိုယ်တိုင်မရှင်းလင်းနိုင်တော့ဘဲ ထူထဲသော နုန်းညွန်များနှင့် အမှိုက်များကို စစ်တပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖယ်ရှားရှင်းလင်းလျက် ရှိသည်။ ထို့အပြင် ယာယီဘေလီတံတားများ တပ်ဆင်ခြင်း၊ လမ်းမကြီးများပေါ်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းနှင့် ကျိုးပေါက်နေသော တာဘောင်များကို ပြုပြင်ခြင်းတို့အပြင် တောင်ကျရေအန္တရာယ်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက ဆက်လက်စောင့်ကြည့် သတိပေးလျက် ရှိသည်။ ကိုးကား -The Nation Thailand Post navigation ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းခွင့် အီရတ် ရေနံတင်သင်္ဘောအချို့အား အီရန် ခွင့်ပြုချက်ပေး ဥရောပသမဂ္ဂက ဆားဘီးယားနိုင်ငံ၏ တောမီးများကို ငြှိမ်းသတ်ရန် ရဟတ်ယာဉ်များနှင့် မီးသတ်သမားများ စေလွှတ်