Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ထိုင်းနိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးမူဝါဒနှင့် Starlink အရေး

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ ထိုင်းနိုင်ငံအနေဖြင့် Starlink ဆက်သွယ်ရေးဂြိုဟ်တု ဝန်ဆောင်မှုအတွက် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့၏ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား အများစုပိုင်ဆိုင်သည့် ဖွဲ့စည်းပုံဖြင့်သာ လုပ်ငန်းလည်ပတ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဝန်ကြီး ကိုင်ချာနော့ ချစ်ချော့ က ဩဂုတ်လ ၂၁ ရက်နေ့တွင် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍အလေးပေးပြောကြားခဲ့သည်။ ထို့အပြင်…

ကန့်ဘလူတွင် စစ်ရှောင်များ ခိုလှုံသည့် ဘုန်းကြီးကျောင်းနှင့် ဝိုင်ဖိုင်ဆိုင်များကို အာဏာလု စစ်တပ် လေ ကြောင်းမှ ဗုံးကြဲ၍ သံဃာတော် ၁ ပါး အပါအဝင် ၂ ဦး သေဆုံး

PSM(News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းနှင့် အများသုံး ဝိုင်ဖိုင်ဆိုင်များ အပါအဝင် နေရာ သုံး ခုကို အာဏာလု စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် တစ် ပါး နှင့် အရပ်သား တစ် ဦး ပွဲချင်းပြီး သေဆုံးကာ လေး…

မြောင်မြို့နယ်တွင် တရားစခန်းပြုလုပ်သည့် ဘုန်းကြီးကျောင်းကို အာဏာလု စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၁၄ ဦး သေဆုံး

PSM (News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း တရားစခန်းပြုလုပ်နေသည့် ဘုန်းတော်ကြီးကျောင်းပေါ်သို့ အာဏာလု စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် ယနေ့ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းပေါ်သို့…

ဝန်းသိုနှင့် ပင်လည်ဘူးတွင် အာဏာလု စစ်တပ်၏ တပ်အင်အားဖြည့်တင်းမှုနှင့် လေကြောင်း တိုက်ခိုက် မှုများကြောင့် ဒေသခံများမှာ ဘေးအန္တရာယ်နှင့် စိုးရိမ်မှုများကြုံနေရ

PSM(News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းအတွင်း မြေပြင်နှင့် လေကြောင်းစစ်ဆင်ရေးများ မြှင့်တင်နေသည့် အာဏာလု စစ်အုပ်စုကြောင့် ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များရှိ အရပ်သားပြည်သူ အများအပြားသည် သေဆုံး၊ ဒဏ်ရာရမှုများနှင့်အတူ စစ်ဘေးအန္တရာယ်ကို အလူးအလဲ ခံစားနေကြရကြောင်း မြေပြင် သတင်းရင်း များထံမှ သိရသည်။ အာဏာလု စစ်တပ်၏ ဩဂုတ် ၁၆ ရက်မှ ၁၈…

တရုတ်က ဖမ်းဆီးထားသည့် ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို မတရားဖမ်းဆီးခံရသူအဖြစ် အမေရိကန် သတ်မှတ်၊ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို

မောင်မောင်ကဲ/ PSM (News) ဩဂုတ် ၂၁ ၊ ၂၀၂၆ တရုတ်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို မတရား ဖမ်းဆီးထိန်းသိမ်းခံရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ကြောင်းနှင့် အမေရိကန်နိုင်ငံသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့တွင် အမေရိကန်က တရုတ်အစိုးရထံ အရေးပေါ် တိုက်တွန်း…

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး သောင်ရင်းမြစ် ရေကျော်တက်လာ

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ မဲဆောက်မြို့၌ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဩဂုတ်လ ၂၁ ရက်နေ့တွင် မြို့၏ အဓိက စီးပွားရေးဇုန်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကာ ဒေသခံများနှင့် ကုန်သည်များမှာ ပစ္စည်းများကို ကုန်းမြင့်သို့ အလောတကြီး ရွှေ့ပြောင်းခဲ့ကြရသည်။ မဲဆောက်မြို့အတွင်း ရပ်ကွက်အချို့ ရေလွှမ်းမိုးခဲ့ပြီး မဲဆောက်ကုန်စိမ်းဈေးတွင် ရေအနက် ၃၀ စင်တီမီတာနှင့် မြေနိမ့်ပိုင်း…

မြောင်နယ်တွင် တရားစခန်းဝင်နေသည့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲ၍ တရားအားထုတ် နေသည့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး

PSM (News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ၁၀ ရက် တရားစခန်း ပြုလုပ်နေသည့် ဘုန်းတော်ကြီး ကျောင်းကို အာဏာလု စစ်အုပ်စုက ယနေ့ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တရားအားထုတ်နေသည့် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း…

ဗြိတိန်နိုင်ငံ၏ ယူကရိန်းအပေါ် ထောက်ပံ့မှုများကြောင့် ရုရှားက တုံ့ပြန်ရန် ခြိမ်းခြောက်လာပြီး အန္တရာယ်ရှိသော တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဟု သတိပေး

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ယူကရိန်းစစ်ပွဲတွင် ဗြိတိန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် လက်နက်ထောက်ပံ့မှုများကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင် အစိုးရက ဗြိတိန်နိုင်ငံအပေါ် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ခြိမ်းခြောက်မှုများကို ထပ်မံပြုလုပ်လာခဲ့ကြောင်း နိုင်ငံရေးသုံးသပ်သူ အိုဝင် မက်သျူးစ်က The Independent သတင်းဌာနတွင် ရေးသားဖော်ပြလိုက်သည်။ ယူကရိန်းတပ်ဖွဲ့များက ရုရှားနယ်နိမိတ်အတွင်းပိုင်းအထိ တိုက်ခိုက်မှုများတွင် ဗြိတိန်နိုင်ငံထုတ် ဒရုန်းများကို အသုံးပြုခဲ့ခြင်းအပေါ်…

ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ငွေကြေးလိမ်လည်မှုကွန်ရက်ကို ဖြိုခွင်း

PSM (News) ဩဂုတ် ၂၁၊၂၀၂၆ ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များသည် တိုင်ဝမ်မာဖီးယားဂိုဏ်းက လုပ်ကိုင်နေသည်ဟု ယူဆရသော နိုင်ငံဖြတ်ကျော် Call Center ငွေကြေးလိမ်လည်မှု ကွန်ရက်တစ်ခုကိုဩဂုတ်လ ၁၉ရက်နေ့က ရက်နေ့ပူးပေါင်း ဖြိုခွင်းခဲ့သည်။ အဆိုပါ နှိမ်နင်းမှုအတွင်း ငွေကြေးထောက်ပံ့သူများနှင့် ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးအပါအဝင် ထိုင်ဝမ်နိုင်ငံသား သံသယရှိသူ ၂၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ ယင်းကွန်ရက်သည်…

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော ကရင်ရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် HRW တိုက်တွန်း

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ဖက်ချ်ပူရီခရိုင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကရင်ကျေးရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် ထိုင်းအာဏာပိုင်များကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch – HRW) က တိုက်တွန်းလိုက်သည်။ ဩဂုတ်လ ၁၀ ရက်နေ့က အာဏာပိုင်များနှင့် စစ်တပ်တို့သည် ကန်းကြချန် အမျိုးသားဥယျာဉ် (Kaeng Krachan…

You missed