PSM (News) ဩဂုတ် ၂၂ ၊၂၀၂၆ ဂျပန်ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ၏ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေး ကွပ်မျက်မှုကို သောကြာနေ့ (သြဂုတ်လ ၂၁ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း လူစည်ကားရာ ပါချင်ကို (pachinko) ကာစီနိုအလောင်းအစားဆိုင်ကို မီးရှို့ခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည့် အမှုဖြင့် ပြစ်ဒဏ်ထင်ရှားစီရင်ခံထားရသော အသက် ၅၈ နှစ်အရွယ် ဆူနာအို တာကာမီ ကို ကြိုးပေးကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကွပ်မျက်မှု ထွက်ပေါ်လာခြင်းနှင့်အတူ ဂျပန်နိုင်ငံ၏ သေဒဏ်ပေးသည့်စနစ်အပေါ် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် တောင်းဆိုသံများနှင့်အတူ သေဒဏ်ပေးမှုကို လုံးဝဖျက်သိမ်းရန် တောင်းဆိုမှုများလည်း တစ်ကျော့ပြန် မြင့်တက်လာလျက် ရှိသည်။ ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်အတူ သေဒဏ်ပေးသည့် G7 အဖွဲ့ဝင် နိုင်ငံနှစ်နိုင်ငံထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ကိုးကား-Khaosod Post navigation ထိုင်းနိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးမူဝါဒနှင့် Starlink အရေး ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီသမဂ္ဂဆယ်စုနှစ်တစ်ခုအတွင်းပထမဆုံးအကြိမ်အလုပ်သမားများအလုံးစုံသပိတ်မှောက်