PSM (News) ဩဂုတ် ၂၃၊၂၀၂၆ အီရတ်နိုင်ငံ၏ တောင်းဆိုချက်အရ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာရန် အီရတ် ရေနံတင်သင်္ဘောအချို့ကို အီရန်နိုင်ငံက ခွင့်ပြုလိုက်ကြောင်း အီရန်ပိုင် IRNA သတင်းဌာနက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အီရတ်ခရီးစဥ်အတွင်း ယင်းကိစ္စမှာ အဓိက တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်။ ရေနံတင်သင်္ဘောများ ဖြတ်သန်းနိုင်ရေး အီရန်က အဆင်ပြေစေခဲ့သော်လည်း အဆိုပါကိစ္စမှာ ရှုပ်ထွေးဆဲဖြစ်ကြောင်း အီရတ်သမ္မတ နီဇာ အာမေဒီက ဘဂ္ဂဒက် ညီလာခံတွင် ပြောကြားခဲ့သည်။ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုဒဏ်ကို အီရတ်နိုင်ငံသည် အပြင်းထန်ဆုံး ခံစားနေရပြီး ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုမှာ စစ်ပွဲမဖြစ်မီကထက် အလွန်နည်းပါးနေဆဲ ဖြစ်သည်။ စစ်ပွဲမဖြစ်ပွားမီက အီရတ်သည် တစ်ရက်လျှင် ရေနံ စည် ၄ သန်းခန့် ထုတ်လုပ်ခဲ့သည်။ အီရတ်အနေဖြင့် တူရကီ၊ ဆီးရီးယားနှင့် ယော်ဒန်နိုင်ငံတို့ရှိ ဆိပ်ကမ်းများမှတဆင့် ရေနံတင်ပို့မှုကို တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးချုပ် အလီ အာဇိုင်ဒီက ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး ထိုင်းနိုင်ငံ၊နန်ခရိုင် ရေဘေးရှင်းလင်းရေးအတွက် အစိုးရက ဘတ်သန်း ၁၀၀ ခွဲဝေချထားပေး