Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးအီရန်ခေါင်းဆောင်သစ်တိုက်တွန်း

PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီက ပင်လယ်ကွေ့ဒေသတွင်း ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ “စစ်မှန်သောရန်သူ” ကို ရင်ဆိုင်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ရက်သတ္တပတ်အတွင်း ရေးသားပေးပို့ခဲ့သည့် ယင်းသဝဏ်လွှာတွင် ၎င်းက မွတ်ဆလင်အချင်းချင်း သွေးကွဲမှုများသည် ရန်သူများ၏ အကျိုးစီးပွားကိုသာ အထောက်အကူဖြစ်စေကြောင်းနှင့် ပါလက်စတိုင်းလူမျိုးများ…

ရေး-ထားဝယ် လမ်းမကြီးတွင် အာဏာလု စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံး

PSM(News) ဩဂုတ် ၃၀၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း နယ် မြေလုံခြုံရေး အကြောင်းပြ၍ စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ယမန်နေ့ ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။…

ဗန်းမော်သို့ ဆန်တက်သည့် ထောက်ပို့သင်္ဘော ၁ စင်း မီးလောင်ပျက်စီးကာ ၁၆ ဦး သေဆုံး၊ စစ်ကူလာသည့် တပ်မ ၉၉ စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း သေဆုံး

PSM (News) ဩဂုတ် ၃၀၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်တပ်၏ ထောက်ပို့သင်္ဘော တစ်စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ သင်္ဘော မီးလောင်ပျက်စီးပြီး တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့သည့်အပြင် စစ်ကူလာသည့် တပ်မ (၉၉) စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း…

ရုရှားက အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယားသယ်ဆောင်နိုင်သော ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်

PSM (News) ဩဂုတ် ၃၀၊၂၀၂၆ ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနိုင်စွမ်းရှိသည့် နူကလီးယားသယ်ဆောင်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ စမ်းသပ်မှုသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် မော်စကိုမြို့သို့ လာရောက်ပြီး NATOအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ဆောင်ရန်သတိပေးခဲ့ပြီးနောက်…

မိုးဗြဲတွင် ၃ လအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၂၀ ကျော် သေဆုံး၊ ဒရုန်း ၂ စင်းကို တော်လှန်ရေးတပ်များ ပစ်ချနိုင်ခဲ့

PSM(News) ဩဂုတ် ၃၀ ၊ ၂၀၆ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လအထိ ၃ လတာကာလအတွင်း အာဏာလု စစ်တပ်နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF)၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း MB PDF က ထုတ်ပြန်ထားသည်။ မိုးဗြဲမြို့အခြေစိုက်…

နော်ဝေဘုရင် ဟာရယ် ကွယ်လွန်မှုအတွက် လူထုကြီးစွာ စုဝေး၍ ဝမ်းနည်းကြေကွဲလျက်ရှိ

PSM (News) ဩဂုတ် ၃၀၊၂၀၂၆ ဥရောပ၏ သက်တမ်းအရှည်ဆုံး ဘုရင်သည့် နော်ဝေဘုရင်ဟာရယ် (Harald) သည် သောကြာနေ့က အသက်၈၉နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့သည်။ကွယ်လွန်ပြီးနောက် နန်းတော်ရှေ့တွင်၎င်း၏ရုပ်အလောင်းကို ဂါရဝပြုရန်အတွက် နော်ဝေပြည်သူထောင်ပေါင်းများစွာ စနေနေ့က စုဝေးခဲ့ကြသည်။ ဘုရင်ဟာရယ်ကွယ်လွန်သွားခဲ့ခြင်းကြောင့်၎င်း၏တစ်ဦးတည်းသောသားတော် အိမ်ရှေ့စံမင်းသား ဟာကွန်(Haakon)သည်နော်ဝေနိုင်ငံ၏စည်းမျဉ်းခံဘုရင်စနစ်အရဖခင်ဖြစ်သူကွယ်လွန်သည့်အချိန်မှစ၍အလိုအလျောက်ဘုရင်ဖြစ်လာခဲ့သည်။ ဘုရင်သစ် ဟာကွန် သည် စနေနေ့ ဒေသစံတော်ချိန် ညနေ ၇နာရီတွင် တိုင်းပြည်သို့ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ အင်္ဂါနေ့တွင်…

ကမ္ဘောဒီးယားတွင် တစ်နှစ်အတွင်း အွန်လိုင်းငွေလိမ်စင်တာ ၇၀၀ ကျော် ပိတ်သိမ်းနိုင်ခဲ့ပြီး လူ ၃၀,၀၀၀ နီးပါး ဖမ်းဆီးရမိ

PSM (News) ဩဂုတ် ၃၀၊၂၀၂၆ ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ၇၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ အဆင့်မြင့် အစိုးရနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများ အပါအဝင် သံသယရှိသူ ၃၀,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ကာ နိုင်ငံခြားသား ၅၈,၂၆၆ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းနှိမ်နင်းရေး…

ရုရှားနိုင်ငံအား တစ်ရက်လျှင် ဒရုန်း အစင်း ၁,၀၀၀ ဖြင့် တုံ့ပြန်တိုက်ခိုက်ရန် ဇယ်လန်းစကီး အစီအစဉ် ထုတ်ဖော်

PSM (News) ဩဂုတ် ၃၀၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ရုရှားနိုင်ငံအား ပစ်မှတ်ထားသည့် တာဝေးပစ်ဒရုန်းတိုက်ခိုက်မှုများကို လက်ရှိ တစ်ရက်လျှင် အစင်း ၃၀၀ ခန့်မှ ၁,၀၀၀ အထိ တိုးမြှင့်လုပ်ဆောင်ရန် သောကြာနေ့က ၎င်း၏ စစ်တပ်အား အမိန့်ပေးခဲ့သည်။ “နောက်ထပ် ပိုမိုလိုအပ်ပါတယ်၊ တိကျတဲ့ ရည်မှန်းချက်တစ်ခု ရှိပြီး ဒီတာဝန်ကို ကျနော်တို့…

တရားမဝင် သစ်လုံး ၁၀၄ လုံးကို KNU နှင့် ထိုင်းသစ်တောဌာန ပူးပေါင်းဖမ်းဆီး

PSM (News) ဩဂုတ် ၂၉ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူထရော်ခရိုင် ဖာပွန်နယ်ခြားလုံခြုံရေးနှင့် ကုန်သွယ်ရေးရုံး (မဲရာထာ စစ်ဆေးရေးဂိတ်) သည် နယ်စပ်တစ်လျှောက် တရားမဝင် သစ်မှောင်ခိုကူးမှုများကို ထိုင်းနိုင်ငံ သစ်တောဌာနနှင့် ပူးပေါင်း၍ ရက်ပိုင်းအတွင်း တရားမဝင် သစ်လုံး ၁၀၄ လုံးကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။…

အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ရခိုင်၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် ဒေသ အလိုက် မိုးအလွန်ကြီးနိုင်၊ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံနှင့် မဒေါက်တွင် ရေဘေး သတိပြု ရန် လိုအပ်

PSM (News) ဩဂုတ် ၂၉ ၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် လေပွေလှိုင်းနှင့် လေထုအနိမ့်ပိုင်း လေရစ်ဝဲများ ဆက်လက်အားကောင်းနေသဖြင့် မြန်မာနိုင်ငံအတွင်းသို့ အနောက် တောင်မုတ်သုံလေ အားအလွန်ကောင်းစွာ ဝင်ရောက်လျက်ရှိကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ မိုးလေဝသမြေပုံများနှင့် အိန္ဒိယမိုးလေဝသဌာန (IMD) တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ မိုးလေဝသစနစ်များကြောင့် ရခိုင်ပြည်နယ်၊…

You missed