PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီက ပင်လယ်ကွေ့ဒေသတွင်း ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ “စစ်မှန်သောရန်သူ” ကို ရင်ဆိုင်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ရက်သတ္တပတ်အတွင်း ရေးသားပေးပို့ခဲ့သည့် ယင်းသဝဏ်လွှာတွင် ၎င်းက မွတ်ဆလင်အချင်းချင်း သွေးကွဲမှုများသည် ရန်သူများ၏ အကျိုးစီးပွားကိုသာ အထောက်အကူဖြစ်စေကြောင်းနှင့် ပါလက်စတိုင်းလူမျိုးများ ဤမျှအထိ ဒုက္ခရောက်ရခြင်းမှာ မွတ်ဆလင်များ စည်းလုံးညီညွတ်မှု မရှိခဲ့ခြင်းကြောင့်လောဟု မေးခွန်းထုတ်ခဲ့သည်။ လွန်ခဲ့သော ခြောက်လအတွင်းက အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူနှင့် ယခင်အဓိပတိခေါင်းဆောင်ဖြစ်သူ အယာတိုလာ အလီ ခါမေနီ ကွယ်လွန်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ကာ ယခုအခါ လူထုရှေ့မှောက်သို့ ပထမဆုံးအကြိမ်အဖြစ် ယင်းကဲ့သို့ သဝဏ်လွှာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ်နိုင်ငံများ၊ အထူးသဖြင့် အနောက်အာရှနှင့် ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် စစ်မှန်သောရန်သူကို ဖော်ထုတ်ရန်နှင့် ၎င်းတို့၏ စီမံချက်များကို ရင်ဆိုင်သွားကြရန် ၎င်းက အလေးအနက် တိုက်တွန်းထားသည်။ ကိုးကား – Reuters Post navigation ရုရှားက အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယားသယ်ဆောင်နိုင်သော ဒုံးကျည်ကို စမ်းသပ်ပစ်ခတ် ဆွစ်ဇာလန်နိုင်ငံ အာရာဝ်မြို့ရှိ ရေဗ်ပါတီပွဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိ