PSM (News) ဩဂုတ် ၃၀၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ရုရှားနိုင်ငံအား ပစ်မှတ်ထားသည့် တာဝေးပစ်ဒရုန်းတိုက်ခိုက်မှုများကို လက်ရှိ တစ်ရက်လျှင် အစင်း ၃၀၀ ခန့်မှ ၁,၀၀၀ အထိ တိုးမြှင့်လုပ်ဆောင်ရန် သောကြာနေ့က ၎င်း၏ စစ်တပ်အား အမိန့်ပေးခဲ့သည်။ “နောက်ထပ် ပိုမိုလိုအပ်ပါတယ်၊ တိကျတဲ့ ရည်မှန်းချက်တစ်ခု ရှိပြီး ဒီတာဝန်ကို ကျနော်တို့ ပြီးမြောက်အောင် လုပ်ဆောင်သွားမှာပါ” ဟု သောကြာနေ့ညဘက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ကိဗ်ဒေသရှိ ဂိုဒေါင်တစ်ခုကို ရုရှားတို့၏ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် အတည်ပြု ပြောကြားခဲ့ပြီး တာဝန်ရှိသူများကို အပြစ်ပေးအရေးယူရန် သမ္မတ ဇယ်လန်းစကီးက တောင်းဆိုခဲ့သည်။ ကိဗ်ဒေသ အုပ်ချုပ်ရေးမှူး တီမူယာ တကာချင်ကို၏ အဆိုအရ ဗုချာခရိုင်အတွင်း ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုကြောင့် လူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၃၈၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ သေဆုံးသူစာရင်းမှာ ထပ်မံ မြင့်တက်လာနိုင်သေးကြောင်း သိရှိရသည်။ ကိုးကား- The Independent Post navigation လန်ဒန်မြို့၊ ဝမ်ဘလေ ကွင်းအနီးတွင် အကြီးစား မီးလောင်မှုဖြစ်ပွား ကမ္ဘောဒီးယားတွင် တစ်နှစ်အတွင်း အွန်လိုင်းငွေလိမ်စင်တာ ၇၀၀ ကျော် ပိတ်သိမ်းနိုင်ခဲ့ပြီး လူ ၃၀,၀၀၀ နီးပါး ဖမ်းဆီးရမိ