PSM (News) ဩဂုတ် ၃၀၊၂၀၂၆ ဥရောပ၏ သက်တမ်းအရှည်ဆုံး ဘုရင်သည့် နော်ဝေဘုရင်ဟာရယ် (Harald) သည် သောကြာနေ့က အသက်၈၉နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့သည်။ကွယ်လွန်ပြီးနောက် နန်းတော်ရှေ့တွင်၎င်း၏ရုပ်အလောင်းကို ဂါရဝပြုရန်အတွက် နော်ဝေပြည်သူထောင်ပေါင်းများစွာ စနေနေ့က စုဝေးခဲ့ကြသည်။ ဘုရင်ဟာရယ်ကွယ်လွန်သွားခဲ့ခြင်းကြောင့်၎င်း၏တစ်ဦးတည်းသောသားတော် အိမ်ရှေ့စံမင်းသား ဟာကွန်(Haakon)သည်နော်ဝေနိုင်ငံ၏စည်းမျဉ်းခံဘုရင်စနစ်အရဖခင်ဖြစ်သူကွယ်လွန်သည့်အချိန်မှစ၍အလိုအလျောက်ဘုရင်ဖြစ်လာခဲ့သည်။ ဘုရင်သစ် ဟာကွန် သည် စနေနေ့ ဒေသစံတော်ချိန် ညနေ ၇နာရီတွင် တိုင်းပြည်သို့ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ အင်္ဂါနေ့တွင် ပါလီမန်ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။ ကိုးကား-Reuters Post navigation ကမ္ဘောဒီးယားတွင် တစ်နှစ်အတွင်း အွန်လိုင်းငွေလိမ်စင်တာ ၇၀၀ ကျော် ပိတ်သိမ်းနိုင်ခဲ့ပြီး လူ ၃၀,၀၀၀ နီးပါး ဖမ်းဆီးရမိ ရုရှားက အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယားသယ်ဆောင်နိုင်သော ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်