PSM (News)

ဩဂုတ် ၃၀၊၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ၇၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ အဆင့်မြင့် အစိုးရနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများ အပါအဝင် သံသယရှိသူ ၃၀,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ကာ နိုင်ငံခြားသား ၅၈,၂၆၆ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းနှိမ်နင်းရေး ကာလအတွင်း အာဏာပိုင်များသည် နေရာဒေသ ၇၀၀ ကျော်ကို ရှင်းလင်းခဲ့ကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၈ ရက်) က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား-The Nation Thailand

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *