Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ဗန်းမော်သို့ ဆန်တက်မည့် ထောက်ပို့ရေယာဉ်အုပ်စုအတွက် လမ်းကြောင်းရှင်းရန် ရွှေကူနှင့် ဗန်းမော် ကြားရှိ ဧရာဝတီမြစ်ကမ်းဘေးများကို စစ်အုပ်စု ဗုံးကြဲ

PSM(News) ဩဂုတ် ၂၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်ရှိနေသည့် အာဏာလု စစ်အုပ်စု၏ ထောက်ပို့ရေယာဉ်အုပ်စု ဗန်းမော် မြို့သို့ ဆက်လက်ဆန်တက်နိုင်ရန်အတွက် ရွှေကူနှင့် ဗန်းမော်ကြားရှိ ဧရာဝတီမြစ်ကမ်းဘေး နေရာများကို လမ်းကြောင်းရှင်းသည့်အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင် လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အုပ်စု၏ ထောက်ပို့ရေယာဉ်အုပ်စုသည် မန္တလေးနှင့် ကသာမြို့တို့မှတစ်ဆင့် ရွှေကူမြို့သို့…

အသိအမှတ်ပြုမှုထက် တာဝန်ခံမှုကို ဦးစားပေး၍ ဦးကျော်မိုးထွန်းကို UN အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း တိုက်တွန်း

PSM (News) ဩဂုတ် ၂၉ ၊ ၂၀၂၆ အာဏာလု စစ်အုပ်စုထံ အသိအမှတ်ပြုမှု မပေးမီ တာဝန်ခံခိုင်းမှု အရင်လာရမည်ဖြစ်ရာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိ ပေးရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က ကုလသမဂ္ဂနှင့်ကမ္ဘာ့ခေါင်းဆောင်များထံ ယနေ့ တိုက်တွန်းတောင်းဆိုခဲ့သည်။ အာဏာရှင် စစ်အုပ်စုသည်…

လန်ဒန်မြို့၊ ဝမ်ဘလေ ကွင်းအနီးတွင် အကြီးစား မီးလောင်မှုဖြစ်ပွား

PSM (News) ဩဂုတ် ၂၉၊ ၂၀၂၆ လန်ဒန်မြို့၊ ဝမ်ဘလေ (Wembley) ဘောလုံးကွင်းအနီးရှိ စက်မှုဇုန်တစ်ခုတွင် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) က အကြီးစား မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ မြို့တော်ကောင်းကင်ယံတွင် မီးခိုးမည်းများ အူထွက်နေပြီး လူသိန်းပေါင်းများစွာ၏ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းခွင်များကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။ နီးဇ်ဒန် (Neasden) ဒေသရှိ ဟားနားစပိန်…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Klongthom Centre တွင် မီးလောင်မှုဖြစ်ပွား

PSM (News) ဩဂုတ် ၂၉၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Klongthom Centre တွင် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ မီးသည် မြေညီထပ်ရှိ ဆိုင်ခန်းတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြေညီထပ်တစ်ခုလုံးနှင့် ထပ်ခိုးထပ် အထိ ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။ သို့သော် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းချုပ်နိုင်ခဲ့သဖြင့် အနီးအနားရှိ…

အမေရိကန်ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေး ဗီဇာထုတ်ပေးမှုများ ယာယီရပ်ဆိုင်းပြီး B-1 နှင့် B-2 ဗီဇာများကိုပါ ရုပ်သိမ်းရန် ပြင်ဆင်နေ

PSM (News) ဩဂုတ် ၂၉၊၂၀၂၆ ဒေါ်နယ်ထမ့် အစိုးရအဖွဲ့သည် အများပြည်သူအပေါ် မှီခိုအားထားရမည့်သူများ ဝင်ရောက်လာမှုကို တားဆီးရန် ကန့်သတ်ချက်အသစ်များအတွက် ကောင်စစ်ဝန်များကို သင်တန်းပေးချိန်ရရန် လူဝင်မှုကြီးကြပ်ရေး ဗီဇာအားလုံးကိုဩဂုတ်လ ၂၅ ရက်ကယာယီရပ်ဆိုင်းလိုက်သည်။ ဤလုပ်ဆောင်ချက်သည် စက်တင်ဘာလလယ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး၊ ဗီဇာတွေ့ဆုံမေးမြန်းမှုများကို စက်တင်ဘာ၊ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလများတွင် ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းအပြင် အမေရိကန်အစိုးရသည် နိုင်ငံပေါင်း…

ထိုင်းနိုင်ငံ၊ စာကဲဝ်ခရိုင်ရှိ ရှော့ပင်းမောလ်တစ်ခုတွင် ဘတ် ၅ သန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ

PSM (News) ဩဂုတ် ၂၉၊၂၀၂၆ ထိုင်းနိုင်ငံ၊ စာကဲဝ် (Sa Kaeo) ခရိုင်အတွင်းရှိ လူစည်ကားရာ ရှော့ပင်းမောလ်တစ်ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က တန်ဖိုးငွေ ဘတ် ၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကျော်) ရှိသည့် ရွှေထည်ပစ္စည်းများ ဓားပြတိုက်လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်များအရ အဆိုပါ သံသယရှိသူသည်…

ဩဂုတ် ဒုတိယပတ်နှင့် တတိယပတ်အတွင်း အလင်းဝင်ရောက်သူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည့် စစ်သား၊ ရဲတပ်ဖွဲ့ဝင် နှင့် ပြည်သူ့စစ် ၂၀ ဦးရှိ

PSM (News) ဩဂုတ် ၂၈ ၊ ၂၀၂၆ ယခု ဩဂုတ် ဩဂုတ် ၈ ရက်မှ ၂၁ ရက်(ဒုတိယပတ်နှင့် တတိယပတ်) အတွင်း အာဏာလု စစ်အုပ်စုလက် အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၀ ဦး အလင်းဝင်ရောက်လာခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်းများ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့…

အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့နှင့် တပ်မှူးများ စုံညီအစည်းအဝေးပြုလုပ်ပြီး စစ်ဆင်ရေးများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

PSM (News) ဩဂုတ် ၂၈ ၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးအဖွဲ့နှင့် နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများပါဝင်သည့် နှစ်ရက်တာ စုံညီအစည်းအဝေး တစ်ရပ်ကို ပြီးခဲ့ သည့် ဩဂုတ် ၂၃ ရက်မှ ၂၄ ရက်အထိ အထူးတိုင်းစစ်ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ…

မြင်းခြံမြို့နယ် စံပြရွာရှိ စစ်အုပ်စု အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

PSM(News) သြဂုတ် ၂၈၊ ၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ စစ်အုပ်စု၏ အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း “ပကဖ အသံ” ထံမှ သိရသည်။ မြင်းခြံမြို့၏ အရှေ့မြောက်ဘက် နွားထိုးကြီး-မြင်းခြံ လမ်းပိုင်းတွင် တည်ရှိသော စံပြကျေးရွာ စစ်အုပ်စုစခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၆…

မုန်တိုင်းအကြွင်းအကျန်နှင့် မုတ်သုံလေ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အများအပြား မိုးအလွန် ကြီးနိုင်ပြီး သံလွင်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ဆက်လက် ရှိနေ

PSM (News) ဩဂုတ် ၂၈ ၊ ၂၀၂၆ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဆောဒဲလ် (SAUDEL) ၏ အကြွင်းအကျန် လေရစ်ဝဲများနှင့် ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံမြောင်းတန်းတို့ အရှိန်ကောင်းနေသဖြင့် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အမေရိကန် တပ်မတော် ပူးတွဲမုန်တိုင်းသတိပေးဌာန (JTWC)၊ အိန္ဒိယနှင့် ထိုင်းမိုးလေဝသဌာနတို့၏ စောင့်ကြည့်…

You missed