PSM (News)

ဩဂုတ် ၃၀၊၂၀၂၆

ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနိုင်စွမ်းရှိသည့် နူကလီးယားသယ်ဆောင်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယခုကဲ့သို့ စမ်းသပ်မှုသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် မော်စကိုမြို့သို့ လာရောက်ပြီး NATOအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ဆောင်ရန်သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၆,၇၀၀ ကျော် ပျံသန်းနိုင်စွမ်းရှိပြီး နိုင်ငံအနောက်မြောက်ပိုင်း အာခန်ဂယ်လ်စ် (Arkhangelsk) ဒေသမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ရုရှားနိုင်ငံ အရှေ့ဖက်စွန်း ကမ်ချာ့တ်ကာ (Kamchatka) ဒေသရှိ ကုရာ (Kura) စမ်းသပ်ကွင်းရှိ သတ်မှတ်ပစ်မှတ်သို့ အရောက်သွားခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီကရုရှားနိုင်ငံအတွင်းသို့ နေ့စဉ်ဝေးပစ်ဒရုန်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၀၀၀ အထိ တိုးမြှင့်လုပ်ဆောင်ရန် စစ်တပ်ကို အမိန့်ပေးထားပြီး ယခင်ကမူ တစ်ရက်လျှင် ၃၀၀ ခန့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မော်စကိုမြို့၌ ပြုလုပ်ခဲ့သော အစည်းအဝေးများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အမေရိကန်ဘက်မှပေးပို့ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *