Latest Post

အာဏာလု စစ်အုပ်စုအား ပံ့ပိုးနေသည့် နိုင်ငံတကာ ရေနံဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ နာမည်ပျက် စီးပွားရေးလုပ်ငန်းများ စာရင်းတွင် ထပ်မံထည့်သွင်း ပုဏ္ဏားကျွန်းတွင် အမျိုးသမီးငယ်အား မုဒိမ်းကျင့်သတ်ဖြတ်သူ တရားခံ ၃ ဦးကို ဒီလပ် ဖမ်းဆီးရမိ၊ ထိရောက်စွာ အရေးယူပေးရန် အာရက္ခအမျိုးသမီးအဖွဲ့က တောင်းဆိုထား SCEF နှင့် AA ပါဝင်သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ သီးခြားစီတွေ့ဆုံ၍ ရှေ့နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာလုစစ်အုပ်စုက လိုက်နာရန်ပျက်ကွက်ပါက အကျိုးဆက်များ ချမှတ်ဆောင်ရွက်ရန် APHR တိုက်တွန်း ဂျပန်နိုင်ငံ ဖူကူယိုနာလေဆိပ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

စစ်ကော်မရှင်၏ ဟန်ပြလွတ်ငြိမ်းခွင့်တွင် နိုင်ကျဉ်း ၃,၆၀၀ ကျော် လွတ်မြောက်ကြောင်း PPNM အတည်ပြု၊ ဦးရဲမင်းဦးနှင့် မရှင်ဒေဝီတို့ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

PSM News မတ် ၃၊ ၂၀၂၆ စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်အရ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁ နာရီအထိ အကျဉ်းထောင် ၃၁ ခုမှ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၃,၆၁၃ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)…

ထားဝယ်နည်းပညာတက္ကသိုလ်ရှေ့ရှိ စစ်ကော်မရှင်ဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

PSM၊(News) မတ်၃၊၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်နည်းပညာတက္တသိုလ် (GTC) ရှေ့တွင် တပ်စွဲကာ ပြည်သူ များထံမှ ငွေကြေးအတင်းအဓမ္မ ကောက်ခံနေသော စစ်ကော်မရှင်တပ်ဂိတ်စခန်း တိုက်ခိုက် ခံရပြီး သုံး ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်း က ထုတ်ပြန်သည်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အဆိုပါဂိတ်စခန်းကို မတ်လ ၁ ရက်နေ့ နံနက်…

အီရန်စစ်ပွဲအရှိန်အဟုန်မြင့်တက်၊ အရှေ့အလယ်ပိုင်းတစ်ခွင် ပျံ့နှံ့

PSM၊(NEWS) မတ် ၃၊ ၂၀၂၆ အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် စစ်ဆင်ရေးသည် တနင်္လာနေ့တွင် အရှိန်အဟုန် မြင့်တက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က စစ်ပွဲအတွင်း ပါဝင်လာသကဲ့သို့၊ ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းလည်း ပစ်မှတ်ထား ခံခဲ့ရသည်။ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရပြီးနောက် သုံးရက်မြောက်နေ့တွင် တီဟီရန်မြို့သည် ဆက်လက်တိုက်ခိုက်ခံနေရပြီး အိုမန်ကမ်းလွန်တွင် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့်…

အီရန်ခေါင်းဆောင် သေဆုံးပြီးနောက် ဂျာမန်ဝန်ကြီးချုပ် ဝါရှင်တန်သို့သွားရောက်၊ ထရမ့်နှင့် တွေ့ဆုံရန် ပြင်ဆင်

PSM(NEWS) မတ် ၃၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင် အလီခါမေနီသေဆုံးခဲ့သည့် အမေရိကန်အစ္စရေးတို့၏ ပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုအပြီးတွင်၊ ဂျာမန်ဝန်ကြီးချုပ်ဖရက်ဒရစ်မားဇ်သည် အင်္ဂါနေ့၌ ဝါရှင်တန်မြို့သို့ သွားရောက်၍ သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ဤစစ်ဆင်ရေးသည် ကမ္ဘာ့ရေနံ ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားရုံသာမက ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကိုလည်း အကြီးအကျယ် ဖရိုဖရဲဖြစ်စေခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ်မားဇ်သည် စစ်ဆင်ရေးကို ဝေဖန်ခြင်းမပြုသကဲ့သို့ တရားဝင်ထောက်ခံခြင်းလည်း မရှိဘဲ၊…

နာတာဇ် နျူကလီးယားစခန်းအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

PSM(NEWS) ​မတ်လ ၃၊ ၂၀၂၆ ​အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများအတွင်း အီရန်နိုင်ငံ၏ ကျယ်ပြန့်သော နာတာဇ် နျူကလီးယားစခန်း တိုက်ခိုက်ခံခဲ့ရကြောင်း ကုလသမဂ္ဂနျူကလီးယားကြီးကြပ်ရေးအဖွဲ့ဆိုင်ရာ အီရန်သံအမတ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ​”သူတို့က မနေ့က အီရန်ရဲ့ ငြိမ်းချမ်းတဲ့၊ လုံခြုံရေးအာမခံချက်ရှိတဲ့ နျူကလီးယားစခန်းတွေကို ထပ်ပြီး တိုက်ခိုက်ခဲ့ကြတယ်” ဟု ရီဇာ နာဂျာဖီ က အပြည်ပြည်ဆိုင်ရာ…

ပင်လည်ဘူးတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံး၊ လော်ဘီများ၏ သတင်းမှားဖြန့်ဝေမှုအပြီး တိုက်ခိုက်ခံရခြင်းဖြစ်ဟုဆို

PSM(News) မတ် ၂ ရက် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ရှိ လိပ္ပုတ်ကျေးရွာကို ယမန်နေ့ မတ် ၁ ရက် ညပိုင်းတွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ကိုး ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ နှစ်စင်း…

ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာ မင်းအောင်လှိုင်က အင်တာနက်ဖြတ်၊ VPN ပိတ်ပြီး တောင်သူများကို AI သုံးခိုင်း

PSM(New) မတ် ၂ ၊ ၂၀၂၆ ရန်ကုန်တက္ကသိုလ်၏ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ကို အပ်နှင်းခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တောင်သူဦးကြီးများအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် Artificial Intelligence (AI) နည်းပညာများကို အသုံးပြုရန် ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု…

စစ်ကော်မရှင်က အကျဉ်းသားသောင်းချီလွှတ်ပေးဟု အရေအတွက်ပြသော်လည်း အရေးကြီးပုဒ်မဖြင့် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိ

PSM(News) မတ် ၂ ၊ ၂၀၂၆ စစ်ကော်မရှင်က ယနေ့ (မတ်လ ၂ ရက်) တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၉,၃၀၀ ကျော် ကို လွတ်ငြိမ်းခွင့်ပေးပြီး အခြားအမှုရင်ဆိုင်နေရသူ ၁၂,၀၀၀ ကျော် ကိုလည်း အမှုပိတ်သိမ်းပေးကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အရေးကြီးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာမူ ယင်းလွတ်ငြိမ်းခွင့်တွင်…

You missed