PSM(NEWS)

ဧပြီ ၁၃၊ ၂၀၂၆

ပြည်တွင်း၌ လောင်စာဆီ လုံလောက်စွာ ရရှိနိုင်ရေးအတွက် အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်လက စတင်ကောက်ခံခဲ့သော ဒီဇယ်နှင့် လေယာဉ်ဆီ ပြည်ပတင်ပို့မှုအပေါ် အမြတ်ခွန်ကိုထပ်မံတိုးမြှင့်လိုက်ကြောင်းစနေနေ့တွင်ထုတ်ပြန်သည့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်-အီရန် စစ်ပွဲကြောင့် အိန္ဒိယ၏ ရေနံစိမ်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား မှ ရေနံစီးဆင်းမှု ပြတ်တောက်နေသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လျက်ရှိသည်။

အိန္ဒိယအစိုးရသည် ပြည်တွင်းလေကြောင်းလိုင်းများ၏ စရိတ်စက မြင့်တက်မှုကို ထိန်းညှိနိုင်ရန်အတွက် ဧပြီလအတွင်း လေယာဉ်ဆီဈေးနှုန်း လစဉ်တိုးမြှင့်မှုကို ၂၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ကန့်သတ်ထားသည်။ လေကြောင်းလိုင်းများ၏ ကုန်ကျစရိတ် စုစုပေါင်းတွင် လောင်စာဆီစရိတ်သည် ၄၀ ရာခိုင်နှုန်းအထိ ရှိနေသည်။

ကမ္ဘာ့တတိယမြောက် ရေနံအများဆုံး တင်သွင်းပြီး အသုံးပြုနေသည့် အိန္ဒိယနိုင်ငံသည် ပြည်ပမှတင်သွင်းသည့် လောင်စာဆီအပေါ် အဓိကမှီခိုနေရပြီး ကမ္ဘာ့ရေနံချက်လုပ်မှု ကဏ္ဍတွင်လည်း ထိပ်သီးငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed