PSM(NEWS) ဧပြီ ၁၃ ၊ ၂၀၂၆ အီရန်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ရေနံချက်စက်ရုံများနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို လာမည့် တစ်လမှ နှစ်လအတွင်း မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း အဆင့်မြင့် ရေနံအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ရေနံဒုတိယဝန်ကြီး မိုဟာမက် ဆာဒက် အာဇီမီဖာ က စတူးဒန့် နယူးစ် နက်ဝေါ့ခ် သို့ ပြောကြားရာတွင် ပြုပြင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း၊ လာဗန် ရေနံချက်စက်ရုံ၏ အစိတ်အပိုင်းအချို့သည် ၁၀ ရက်ခန့်အတွင်း ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ပြီး ကျန်ရှိသော အစိတ်အပိုင်းများကိုလည်း အဆင့်လိုက် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွားခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ပဋိပက္ခများအတွင်း တီဟီရန်မြို့ရှိ ရေနံချက်စက်ရုံတစ်ခုမှ လောင်စာဆီကန်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် အာဏာပိုင်များက စွမ်းအင်ကဏ္ဍ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကိုးကား Reuters Post navigation အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲ သဘောတူညီမှုမရရှိဘဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်မှ ပြန်လည်ထွက်ခွာ ကာဇက်စတန်နိုင်ငံမှ ရေနံရရှိရန် တောင်ကိုရီးယား နီးစပ်နေပြီဟု ဝန်ကြီးပြောကြား