PSM (News)

စက်တင်ဘာ ၁၃၊၂၀၂၆

ဂျာမနီနိုင်ငံတွင် ကျင်းပသည့် အမေရိကန်ကြည်းတပ်၏ စစ်ရေးလေ့ကျင့်မှုများတွင် ယူကရိန်းတပ်ဖွဲ့ဝင်များက ဒရုန်းစစ်ဆင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် နည်းပညာများကို ဝင်ရောက်သင်ကြားပေးလျက်ရှိကြောင်း Associated Press သတင်းဌာနက ဖော်ပြသည်။

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ထင်ရှားလာသည့် ဒရုန်းစစ်ဆင်ရေး အတွေ့အကြုံများကို အမေရိကန်တပ်ဖွဲ့များက ၎င်းတို့၏ တပ်ဖွဲ့များအတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများ၌ ယူကရိန်းစစ်သည် ဒါဇင်နှင့်ချီ ပါဝင်ကူညီပေးနေကြောင်း သိရသည်။

သို့သော် အမေရိကန်ကြည်းတပ်အနေဖြင့် ဒရုန်းနည်းပညာများကို တပ်ဖွဲ့ဝင်များလက်ဝယ်သို့ အရောက်ပို့ဆောင်နိုင်ခဲ့သော်လည်း စစ်ဆင်ရေးများတွင် ဒရုန်းများကို မည်ကဲ့သို့ အပြည့်အဝ ပေါင်းစပ်ဖွဲ့စည်းအသုံးပြုရမည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *