international news ဗီယက်နမ်–ဥရောပသမဂ္ဂ ဆက်ဆံရေး “ဘက်စုံဗျူဟာမြောက် မိတ်ဖက်အဆင့်” သို့ တိုးမြှင့် January 29, 2026 Htet Ko PSM (NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် နှစ်ဖက်ဆက်ဆံရေးကို ဗီယက်နမ်၏ အမြင့်ဆုံးသံတမန်ရေးရာအဆင့်ဖြစ်သည့် “ဘက်စုံဗျူဟာမြောက် မိတ်ဖက်အဆင့်” သို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရားဝင် တိုးမြှင့်လိုက်ကြသည်။ အမေရိကန်၏ သွင်းကုန်ခွန် ဖိအားများကြောင့် ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် အချိန်ကာလအတွင်း ယခုကဲ့သို့ ဆက်ဆံရေးအဆင့်မြှင့်တင်ခဲ့ခြင်း…
international news မင်နီယာပိုလစ် ဆန္ဒပြတေးသီချင်းကို ဘရုစ် စပရင်းစတင်း ထုတ်ဝေ၊ ‘ICE များ အခုထွက်သွား’ ဟု သီဆို January 29, 2026 Htet Ko PSM(NEWS) ဇန်နဝါရီလ ၂၉ ၊၂၀၂၆ အမေရိကန်တေးသံရှင် ဘရုစ် စပရင်းစတင်း သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများအတွင်း သေဆုံးခဲ့ရသည့် မင်နီယာပိုလစ်မြို့ခံ နှစ်ဦးဖြစ်သော အဲလက်စ် ပရက်တီ နှင့် ရေနေး ဂွတ်ဒ် တို့ကို ဂုဏ်ပြုသည့် ဆန္ဒပြတေးသီချင်းတစ်ပုဒ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေလိုက်သည်။ ၎င်းက အဆိုပါစီးနင်းမှုများကို မြို့အပေါ် ကျရောက်လာသည့်…
international news စိန်ခေါ်မှုများပြည့်နှက်နေသည့်ကာလအတွင်း ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးထူထောင်ရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း January 29, 2026 Htet Ko PSM(NEWS) ဇန်နာဝါရီ ၂၉၊ ၂၀၂၆ ကမ္ဘာကြီးအတွက် “စိန်ခေါ်မှုများပြည့်နှက်နေသောကာလ” အတွင်း ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိရန် လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြားသောကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗြိတိန်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြောကြားခဲ့သည်။ “ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး ခိုင်မာကျယ်ပြန့်တဲ့…
international news အိမ်နီးချင်းနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုရှိနေ၍ ခရီးသွားလာမှု သတိပြုရန်လိုအပ်၊ လင်းနို့ ကိုက်ရာပါသော သစ်သီး နှင့် ထန်းရည်ကို သောက်သုံးခြင်းမပြုရန် WHO သတိပေး January 29, 2026 Htet Ko PSM(News) ဇန်နဝါရီ ၂၉ ၊ ၂၀၂၆ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် သေဆုံးမှုနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရသေးသော်လည်း…
international news အီရန်သို့ အမေရိကန်ရေတပ်အုပ်စုကြီး စေလွှတ်နေကြောင်း သမ္မတထရန့် ပြောကြား၊ နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေးရန် သတိပေး January 29, 2026 Htet Ko PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်ရေတပ်၏ အင်အားကြီးမားသော သင်္ဘောအုပ်စုကြီး (Armada) သည် အီရန်နိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပြီး၊ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်အသစ်အတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ မလာပါက ယခင်ထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။ သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အင်အားကြီးမားတဲ့…
international news အမေရိကန်၏ဗဟိုချက် သည်ဥရောပမဟုတ်တော့ဘဲ အခြေခံကျသည့် ပြောင်းလဲမှုဖြစ်ပေါ်နေဟု EU နိုင်ငံခြားရေးအကြီးအကဲ သတိပေး January 29, 2026 Htet Ko PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်၏ အဓိကဗဟိုချက်မှာ ဥရောပမဟုတ်တော့ဘဲ အပြောင်းအလဲသည် ယာယီမဟုတ်ဘဲ အခြေခံကျသော ပြောင်းလဲမှု ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအပေါ် ကိုင်တွယ်ပုံအသစ်နှင့် ပတ်သက်၍ ဥရောပခေါင်းဆောင်များ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေရချိန်တွင် သူမက…
international news မြောက်ကိုရီးယား၏ နျူကလီးယားစစ် ဟန့်တားရေး အစီအစဉ်သစ်များ ပါတီညီလာခံတွင် ချပြမည်ဟု ကင်မ်ဂျုံအန်း ပြောကြား January 29, 2026 Htet Ko PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် အင်အားတောင့်တင်းခိုင်မာစေရန် ဆောင်ရွက်မည့် နောက်ထပ်ခြေလှမ်းသစ်များကို မကြာမီကျင်းပတော့မည့် အာဏာရအလုပ်သမားပါတီ ညီလာခံတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန (KCNA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်စဉ် ကင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက “နိုင်ငံရဲ့…
international news အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ရန် ပြင်သစ်အမျိုးသားလွှတ်တော် အတည်ပြု January 28, 2026 Htet Ko PSM(News)ဇန်နဝါရီ ၂၈၊ ၂၀၂၆ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရမှုများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ပြင်သစ်အမျိုးသားလွှတ်တော်သည် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် အသုံးပြုခြင်းကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုအား တနင်္လာနေ့တွင် အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်အမတ် ၁၃၀ က ထောက်ခံပြီး ၂၁ ဦးက ကန့်ကွက်ကာ အတည်ပြုခဲ့ခြင်း…
international news မင်နီဆိုတာ တရားသူကြီးက ICE အရာရှိချုပ်အား ရုံးတော်သို့ကိုယ်တိုင်လာရောက်ရှင်းလင်းရန် ဆင့်ခေါ် January 28, 2026 Htet Ko PSM(NEWS)ဇန်နဝါရီ ၂၈၊ ၂၀၂၆ မင်နီဆိုတာပြည်နယ် ဖက်ဒရယ်တရားသူကြီးချုပ် ပက်ထရစ် ရှီးလ်ဇ်က ချုပ်နှောင်ခံထားရသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကြားနာပွဲများ ကျင်းပပေးရန် တရားရုံးအမိန့်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိချုပ်တော့ဒ် လိုင်ယွန်အား လာမည့်သောကြာနေ့တွင် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ရန် အမိန့်ထုတ်လိုက်သည်။ ICE အနေဖြင့် တရားရုံး၏ ညွှန်ကြားချက်များကို ထပ်တလဲလဲ ချိုးဖောက်နေသောကြောင့် အဆိုပါအရာရှိချုပ်အား တရားရုံးမထေမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း…
international news အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရောင်းချမည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina တုံ့ဆိုင်းနေ January 28, 2026 Htet Ko PSM(NEWS)ဇန်နာဝါရီ ၂၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၏ စီမံခန့်ခွဲမှုအောက်တွင် ရောင်းချနေသည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina ကုမ္ပဏီက လက်ရှိတွင် ရှောင်လွှဲနေကြောင်း လုပ်ငန်းတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်နေဆဲဖြစ်ကြောင်း ပြသနေသည်။ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA သည်…