PSM(News)ဇန်နဝါရီ ၂၈၊ ၂၀၂၆ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရမှုများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ပြင်သစ်အမျိုးသားလွှတ်တော်သည် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် အသုံးပြုခြင်းကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုအား တနင်္လာနေ့တွင် အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်အမတ် ၁၃၀ က ထောက်ခံပြီး ၂၁ ဦးက ကန့်ကွက်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းဥပဒေကြမ်းသည် အထက်လွှတ်တော်သို့ ဆက်လက်ပေးပို့မည်ဖြစ်ပြီး အတည်ပြုချက်ရရှိပါက လာမည့် စက်တင်ဘာလ ပညာသင်နှစ်သစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ပစ်မှတ်ထားသည့်ပလက်ဖောင်းများတွင် Facebook, Instagram, TikTok နှင့် Snapchat ကဲ့သို့သော လူမှုကွန်ရက်များအားလုံး ပါဝင်သည်။ သို့သော် ဝီကီပီးဒီးယား (Wikipedia) ကဲ့သို့သော အသိပညာပေး ဝဘ်ဆိုက်များကိုမူ ချွင်းချက်အဖြစ် ခွင့်ပြုထားသည်။ ယခုဥပဒေတွင် အထက်တန်းကျောင်းများအတွင်း လက်ကိုင်ဖုန်း အသုံးပြုမှုကိုပါ လုံးဝပိတ်ပင်ရန် ထည့်သွင်းထားသည်။ သမ္မတအီမန်နျူရယ် မက်ခရွန် က “ကျွန်ုပ်တို့ ကလေးတွေရဲ့ ဦးနှောက်နဲ့ ခံစားချက်တွေကို အမေရိကန် ပလက်ဖောင်းတွေ ဒါမှမဟုတ် တရုတ် အယ်လ်ဂိုရစ်သမ် (Algorithms) တွေဆီမှာ ရောင်းချဖို့ မဟုတ်ဘူး” ဟု ပြောကြားကာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ ပြင်သစ်နိုင်ငံသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက် ကလေးများအတွက် လူမှုကွန်ရက် ပိတ်ပင်ခဲ့သည့် သြစတြေးလျနိုင်ငံ၏ ခြေရာကို လိုက်ခြင်းဖြစ်ပြီး ဥရောပတွင် ပထမဆုံးသော ခြေလှမ်းလည်း ဖြစ်သည်။ ဥပဒေကို ထောက်ခံသူများရှိသကဲ့သို့ တစ်ဖက်တွင်လည်း နည်းပညာအရ အသက်အတည်ပြုရန်ခက်ခဲမှုများနှင့် လူဦးရေ၏ လွတ်လပ်ခွင့်ကို ထိပါးနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ သို့သော်လည်း လူထုစစ်တမ်းများအရ ပြင်သစ်ပြည်သူ ၇၃ ရာခိုင်နှုန်းခန့်မှာ ကလေးငယ်များအတွက် ထိုသို့ ကန့်သတ်ချက်မျိုးကို ထောက်ခံနေကြကြောင်း သိရသည်။ ကိုးကား – ရိုက်တာ #အသက်_၁၅_နှစ်အောက်#လူမှုကွန်ရက်အသုံးပြုမှု#ပိတ်ပင်#ဥပဒေကြမ်း#ပြင်သစ်အမျိုးသားလွှတ်တော်#စိတ်ကျန်းမာရေးဆိုင်ရာ#𝐏𝐒𝐌_𝐍𝐞𝐰𝐬 See less Post navigation မင်နီဆိုတာ တရားသူကြီးက ICE အရာရှိချုပ်အား ရုံးတော်သို့ကိုယ်တိုင်လာရောက်ရှင်းလင်းရန် ဆင့်ခေါ် မြောက်ကိုရီးယား၏ နျူကလီးယားစစ် ဟန့်တားရေး အစီအစဉ်သစ်များ ပါတီညီလာခံတွင် ချပြမည်ဟု ကင်မ်ဂျုံအန်း ပြောကြား