PSM(NEWS)ဇန်နဝါရီ ၂၈၊ ၂၀၂၆ မင်နီဆိုတာပြည်နယ် ဖက်ဒရယ်တရားသူကြီးချုပ် ပက်ထရစ် ရှီးလ်ဇ်က ချုပ်နှောင်ခံထားရသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကြားနာပွဲများ ကျင်းပပေးရန် တရားရုံးအမိန့်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိချုပ်တော့ဒ် လိုင်ယွန်အား လာမည့်သောကြာနေ့တွင် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ရန် အမိန့်ထုတ်လိုက်သည်။ ICE အနေဖြင့် တရားရုံး၏ ညွှန်ကြားချက်များကို ထပ်တလဲလဲ ချိုးဖောက်နေသောကြောင့် အဆိုပါအရာရှိချုပ်အား တရားရုံးမထေမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း မပြုသင့်ကြောင်း လာရောက်ရှင်းလင်းခိုင်းခြင်းဖြစ်သည်။ အစိုးရသည် အေးဂျင့်ထောင်ပေါင်းများစွာကို စေလွှတ်၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း၊ ဖမ်းဆီးခံရသူများ၏ တရားဥပဒေကြောင်းအရ အခွင့်အရေးများအတွက် ကြိုတင်ပြင်ဆင်မှု မရှိခြင်းကို တရားသူကြီးက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ယခုအမိန့်သည် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ လက်ချက်ဖြင့် ဒုတိယမြောက် လူသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရန့်က တွမ်ဟိုမန်အား နယ်စပ်ရေးရာအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည့် နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် မင်နီဆိုတာပြည်နယ်အစိုးရနှင့် မြို့တော်ဝန်များကလည်း အဆိုပါ အင်အားသုံးဖမ်းဆီးမှုများကို ရပ်တန့်ရန် တရားရုံးသို့ အရေးပေါ်လျှောက်ထားလျက်ရှိသည်။ ကိုးကားAP #မင်နီဆိုတာ#ဖက်ဒရယ်တရားသူကြီးချုပ်#ICE_အရာရှိချုပ်#အမိန့်ထုတ်#𝐏𝐒𝐌_𝐍𝐞𝐰𝐬 See less Post navigation အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရောင်းချမည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina တုံ့ဆိုင်းနေ အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ရန် ပြင်သစ်အမျိုးသားလွှတ်တော် အတည်ပြု