international news ကင်မ်ဂျုံအမ်၏ သမီးအား မြောက်ကိုရီးယား အာဏာဆက်ခံသူအဖြစ် သတ်မှတ်နိုင်ကြောင်း သုံးသပ် February 14, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ် (Kim Jong Un) ၏ သမီးသည် နောက်လာမည့် အာဏာဆက်ခံသူအဖြစ် သတ်မှတ်ခံရနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားထားသည်။ တောင်ကိုရီးယား၏ ထောက်လှမ်းရေးဌာန ထုတ်ပြန်ချက်အရ ကင်မ်ဂျုံအမ်၏ သမီးသည် မကြာသေးမီနှစ်များအတွင်း အများပြည်သူရှေ့တွင် မကြာခဏ ပေါ်ထွက်လာနေပြီး အရေးကြီးသော…
international news မြူးနစ်လုံခြုံရေးညီလာခံတွင် ဒိန်းမတ်နှင့် ဂရင်းလန် ခေါင်းဆောင်များ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့် တွေ့ဆုံမည် February 14, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၄၊၂၀၂၆ ဒိန်းမတ်ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နှင့် မြူးနစ်လုံခြုံရေးညီလာခံတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန် အရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သောကြာနေ့က မြူးနစ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဂရင်းလန်ဝန်ကြီးချုပ် ဂျန်စ် ဖရက်ဒရစ် နီလ်ဆင် သည်လည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဂရင်းလန်လွှတ်တော်က…
international news အစ္စရေးသမ္မတ၏ သြစတြေးလျခရီးစဉ် ဆန္ဒပြမှုများကြားတွင် ပြီးဆုံး February 13, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်၏ လေးရက်တာခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ကြာသပတေးနေ့တွင် မဲလ်ဘုန်းမြို့၌ လူပေါင်း ၁၀,၀၀၀ ခန့် စုဝေးကာ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သမ္မတကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြပြီး မြို့လယ်လမ်းမများကို ပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အထူးအာဏာသုံးကာ…
international news မင်နီဆိုတာပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်ရန် ဖက်ဒရယ်အာဏာပိုင်များ ဆုံးဖြတ် February 13, 2026 Htet Ko PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ ပြည်နယ်အတွင်း လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားစေခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် တွမ် ဟိုးမန်း က ကြာသပတေးနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သော “Operation Metro Surge” အမည်ရ…
international news ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုမည့် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကြေညာမည် February 13, 2026 Htet Ko PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုမည့် စီမံကိန်းနှင့် ကုလသမဂ္ဂ (UN) က အသိအမှတ်ပြုထားသည့် တည်ငြိမ်ရေးတပ်ဖွဲ့များ စေလွှတ်မည့် အသေးစိတ်အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရန့် က လာမည့်အပတ်တွင် ကျင်းပမည့် ၎င်း၏ ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း…
international news ကျောင်းဆရာ၊ ဆရာမများ၏ ပုံရိပ်များကို ဉာဏ်ရည်တုသုံး ပုံဖျက်ခြင်း များ ပျံ့နှံ့မှုကြောင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စတင် February 12, 2026 Htet Ko PSM(NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ဗြိတိန်နိုင်ငံ၊နော်ဖော့ခ် ရှိ ကျောင်းတစ်ခုမှ ဝန်ထမ်းများ၏ ဓာတ်ပုံများကို အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုတွင်အတုပြုလုပ်တင်ထားသည့် Deepfake ပုံရိပ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ အော်လ်ဒါမန် ပီးလ် အထက်တန်းကျောင်း မှ ဝန်ထမ်းများ၏လူမှုကွန်ရက်ပေါ်ရှိရုပ်ပုံအစစ်အမှန်များကိုယူဆောင်ကာဉာဏ်ရည်တု နည်းပညာဖြင့် ပုံဖျက်ထားသော“အကောင့်တု”များစွာကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လိင်ပိုင်းဆိုင်ရာပုံဖျက်ထားသည့်ပုံရိပ်များသည်အွန်လိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးကျောင်းသားများပင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍အဆိုပါကျောင်းအပါအဝင်ကျောင်းပေါင်းများစွာကို စုပေါင်းစီမံခန့်ခွဲနေသည့်…
international news ဥရောပသမဂ္ဂကို စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် မြှင့်တင်ရန် စျေးကွက်ပြုပြင်ပြောင်းလဲမှုနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ရန် ဥရောပကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း February 12, 2026 Htet Ko PSM(NEWS)ဖေဖော်ဝါရီ၁၂၊ ၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် ကမ္ဘာ့စီးပွားရေးစင်မြင့်ထက်တွင် အမှန်တကယ်အင်အားကြီးသည့် အစုအဖွဲ့အဖြစ် ရပ်တည်လိုပါက စျေးကွက်အတွင်းရှိ အတားအဆီးများကို ဖြိုဖျက်ရန်လိုအပ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ဥရောပကုမ္ပဏီများ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရင်းအနှီးစျေးကွက်နှင့်စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ရမည်ဟု သူမက ဆိုသည်။ လက်ရှိဥရောပ၏ ဘဏ္ဍာရေးစနစ်သည် အလွန်အမင်းကွဲပြားနေပြီး အဖွဲ့ဝင် ၂၇ နိုင်ငံတွင်…
international news ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာရှိ စာသင်ကျောင်းနှင့် နေအိမ်တစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ သေနတ်သမားအပါအဝင် ၁၀ ဦး သေဆုံး February 12, 2026 Htet Ko PSM(NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းသေနတ်ဖြင့်ပစ်ခတ်မှုကြောင့်လူ၇ဦးသေဆုံးခဲ့ပြီး၊အနီးနားရှိနေအိမ်တစ်လုံးတွင်လည်း နောက်ထပ် လူ ၂ဦး၏ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကနေဒါအာဏာပိုင်များက အင်္ဂါနေ့တွင်အတည်ပြုပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကသေနတ်သမားဟုယူဆရသည့်အမျိုးသမီးတစ်ဦးသည်လည်းအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုဖြစ်စဉ်အတွင်း စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့သည်။ တော်ဝင်ကနေဒါမြင်းစီးရဲတပ်ဖွဲ့ (RCMP) ၏ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် အင်္ဂါနေ့ နံနက်ပိုင်းတွင်…
international news အိန္ဒိယ Air India လေယာဉ်ပျက်ကျမှု — အပိုဆောင်းလျော်ကြေးပေးသော်လည်း နောင်တွင် တရားမစွဲရန် ကန့်သတ်ချက်ထုတ် February 11, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ပြီးခဲ့သည့်နှစ်အတွင်း အမ္မဒါဘတ်မြို့ တွင် ဖြစ်ပွားခဲ့သော Air India လေယာဉ်ပျက်ကျမှု သည် လူထုအကြား ဗြိတိန်နှင့် အိန္ဒိယနိုင်ငံများစွာတွင် စိုးရိမ်မှု ဖြစ်စေခဲ့သည်။ အဲအိန္ဒိယ လေကြောင်းလိုင်း Air India က သေဆုံးသူများ၏ မိသားစုများအား အပိုဆောင်းလျော်ကြေး 8,000 ပေါင် (ရူပီး 1…
international news NATO၏အာတိတ်စောင့်ကြည့်ရေးမစ်ရှင်တွင် ဗြိတိန်ကအဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီး ပြောကြား February 11, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၁၊၂၀၂၆ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ၏ အာတိတ်စောင့်ကြည့်ရေး မစ်ရှင်တွင်ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များကအရေးပါသောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီးလေး က ဗုဒ္ဓဟူးနေ့ နော်ဝေးနိုင်ငံခရီးစဉ်အတွင်းပြောကြားမည်ဖြစ်သည်။ထို့ပြင်နော်ဝေးနိုင်ငံရှိဗြိတိန်တပ်ဖွဲ့ဝင်အရေအတွက်ကိုလာမည့်သုံးနှစ်အတွင်း ၂,၀၀၀ အထိ နှစ်ဆတိုးမြှင့်သွားမည်ဟုလည်းကတိပြုမည်ဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကNATOအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို ဝယ်ယူလိုကြောင်းထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက်၊ဂရင်းလန်းအပါအဝင် အာတိတ်ဒေသ၏လုံခြုံရေးကိုမြှင့်တင်ရန်ရည်ရွယ်၍ ယခုမစ်ရှင်ကို ဖော်ဆောင်ခြင်းဖြစ်သည်။ “ကာကွယ်ရေးကဏ္ဍမှာ လိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။ ရုရှားဟာအာတိတ်ဒေသနဲ့ မြောက်ဘက်စွန်းဒေသ လုံခြုံရေးအတွက်စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်လာနေပါတယ်” ဟု…