PSM(NEWS)

မတ် ၃၁၊ ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်နေစဉ်အတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုရန် ရုရှားနှင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ရပ် ရရှိရေး အဆိုပြုလိုက်သည်။

စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး: အခြေခံအဆောက်အအုံများ၊ ရေကြောင်းနှင့်ဝေဟင်လုံခြုံရေးတို့အတွက် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ လုံးဝရပ်တန့်မည့် “စွမ်းအင်အပစ်အခတ်ရပ်စဲရေး” ကို ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်-အစ္စရေးနှင့်အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဘရန့်ရေနံတစ်စည်လျှင် ၁၁၅ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။

ရုရှားနိုင်ငံ ဆာမာရာ ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတစ်ခုအား ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူကရိန်း၏ ဒရုန်းများသည် ရုရှား၏ အီလက်ထရောနစ် နှောင့်ယှက်မှုကြောင့် လမ်းကြောင်းလွဲကာ ဖင်လန်လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများ ရှိနေကြောင်း ဖင်လန်အစိုးရကဆိုသည်။

ဗြိတိန်သံတမန်တစ်ဦး စီးပွားရေးသူလျှိုလုပ်သည်ဟုဆိုကာ ရုရှားက နှင်ထုတ်လိုက်ခြင်းအပေါ် ဗြိတိန်က ပြင်းထန်စွာ ကန့်ကွက်ထားသည်။

အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်နေခြင်းသည် ရုရှားသမ္မတဗလာဒီမာ ပူတင် အတွက် ယူကရိန်းအပေါ် ထိုးစစ်ဆင်ရန် အခွင့်အလမ်းကောင်း ဖြစ်သွားစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

မကြာသေးမီက ရုရှားသည် ၂၄ နာရီအတွင်းဒရုန်းအစင်းရေ ၁,၀၀၀ ခန့် အသုံးပြု၍ ယူကရိန်းအားအကြီးကျယ်ဆုံးသော ဝေဟင်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။

ကိုးကား The Independent

By Htet Ko