PSM(NEWS) မတ် ၃၀ ၊ ၂၀၂၆ ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗြိတိန်တော်ဝင်ရေတပ်သည် ၎င်းတို့၏ ကမ်းတက်ရေယာဉ်တစ်စင်းတွင် ခေတ်မီမိုင်းရှင်းလင်းရေးဒရုန်းများကို တပ်ဆင်လျက်ရှိကြောင်း သိရသည်။ RFA Lyme Bay ရေယာဉ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ၎င်းသည် ရေအောက်ဒရုန်းများနှင့် လူမဲ့မိုင်းရှင်းလင်းရေး လှေငယ်များကို စေလွှတ်နိုင်သည့် “ပင်မသင်္ဘောကြီး” အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ အဆိုပါ အဆင့်မြှင့်တင်မှုသည် တီဟီရန်အစိုးရ၏ ပိတ်ဆို့မှုကို ခံထားရသည့်ရေနံနှင့် ဓါတ်ငွေ့တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က မဟာမိတ်နိုင်ငံများ အနေဖြင့် အဆိုပါဒေသသို့ စစ်သင်္ဘောများ စေလွှတ်ရန် တိုက်တွန်းထားသော်လည်း အနောက်နိုင်ငံများကမူ ယခုအချိန်အထိ တုံ့ဆိုင်းနေဆဲဖြစ်သည်။ အီရန်၏ ဒရုန်းနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကြောင့် အခြေအနေ တည်ငြိမ်မှုမရှိသေးမီအထိ RFA Lyme Bay ကိုစေလွှတ်ဦးမည် မဟုတ်ကြောင်း သိရသည်။ ဗြိတိန်တော်ဝင်ရေတပ် ဗိုလ်ချုပ်ကြီး ဆာ ဂွင် ဂျန်ကင်းစ် က “ဒီသင်္ဘောကိုမိုင်းရှင်းလင်းရေး ပင်မသင်္ဘောအဖြစ် ပြောင်းလဲလိုက်တာဟာ လူပါတဲ့သင်္ဘောတွေနဲ့ ခေတ်မီလူမဲ့စနစ်တွေကို ပေါင်းစပ်ပြီး ပင်လယ်ပြင် လုံခြုံရေးကို ဘယ်လို မြှင့်တင်နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ”ဟုပြောကြားခဲ့သည်။ ကိုးကား The Independent Post navigation အမေရိကန်သမ္မတ ထရမ့်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း မြင့်တက်လာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းအနီး တရုတ်ကင်းလှည့်မှုများ ပြုလုပ်