Category: international news

နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စောစီးစွာ နှုတ်ဆက်စေခဲ့သည့် မော်ရိုကိုအသင်း

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ ဇွန် ၂၉ ရက် ညပိုင်းက ကစားခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် မော်ရိုကိုအသင်းသည် နယ်သာလန်အသင်းနှင့် ပွဲချိန်အတွင်း ၁-၁ ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ပယ်နယ်တီ အဆုံးအဖြတ်တွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။ အဆိုပါရလဒ်ကြောင့် နယ်သာလန်အသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ အစောဆုံး ထွက်ခွာခဲ့ရသည့်…

ဘရာဇီးလ်ကို ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်မီ အသင်းများနှင့် ကွာဟချက် ကျဉ်းမြောင်းလာပြီဟု နည်းပြ မိုရိယာဆူ ပြောကြား

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ ဇွန် ၂၉ ရက်က ကစားခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ၃၂ သင်း အဆင့်တွင် ဘရာဇီးလ်အသင်းကို ၁-၂ ဂိုးဖြင့် နောက်ဆုံးမိနစ်တွင် ရှုံးနိမ့်ခဲ့ရသော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့ထိပ်တန်း အသင်းကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ဂျပန်အသင်းနည်းပြ ဟာဂျီမဲ မိုရိယာဆူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ပွဲချိန်အတွင်း…

ဒိုဟာတွင် အမေရိကန်နှင့် အီရန်တို့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်မည်

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းသံတမန်များဖြစ်ကြသော ဂျရက်ကူရှနာ နှင့် စတိဗ်ဝစ်ကော့ဖ်တို့သည် အီရန်နိုင်ငံနှင့် ဆွေးနွေးရန်အတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ သွားရောက်ကြမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို အီရန်ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။ ယနေ့ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်၍ အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က…

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးများ AI ဝယ်လိုအား မြင့်တက်လာမှုအတွက် ဒေါ်လာ ၅၁၈ ဘီလီယံတန်ဖိုးရှိ ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနတစ်ခု တည်ဆောက်မည်

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung Electronics နှင့် SK Hynix တို့သည် ဉာဏ်ရည်တု (AI) နည်းပညာသုံး ဝယ်လိုအား မြင့်တက်လာမှုကို အသုံးချနိုင်ရန်အတွက် နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနအသစ် တည်ဆောက်ရန် ဝမ်ငွေ ၈၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၁၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင်…

အမေရိကန်-အီရန် ဆွေးနွေးပွဲများမတိုင်မီ တင်းမာမှုလျော့ပါးစေရေး ကြားဝင်စေ့စပ်သူများ ဆောင်ရွက်နေ

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ အမေရိကန်နှင့် အီရန်အကြား ရေတိုငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့များသည် လာမည့်ရက်ပိုင်းအတွင်း ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ သဘောတူညီချက်မှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။တင်းမာမှုများ လျော့ပါးစေရန်နှင့် မလိုလားအပ်သော ဖြစ်စဉ်များအား ထိန်းချုပ်နိုင်ရန်အတွက် ကြားဝင်စေ့စပ်သူများက…

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်မှ သင်္ဘော (၂) စင်း ဟောင်ကောင်သို့ ၅ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိမည်

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်မှ သင်္ဘော (၂) စင်းသည် ဟောင်ကောင်သို့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ ၅ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများအနေဖြင့် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုနိုင်ပြီး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ၊ ဟောင်ကောင်သည်…

တောင်ကိုရီးယားအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရမှုအပေါ် သမ္မတ လီဂျယ်မြောင် အပြင်းအထန် ဝေဖန်

PSM(NEWS) ဇွန် ၂၉၊ ၂၀၂၆ တောင်ကိုရီးယားဘောလုံးအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမအဆင့်မှ စောစီးစွာ ထွက်ခွာခဲ့ရမှုသည် ပြည်တွင်း၌ ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး၊ နည်းပြ ဟောင်မြောင်ဘိုနှုတ်ထွက်သွားသော်လည်း ဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုပိုင်းတွင် အပြောင်းအလဲများ ပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပစဉ်က ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သည့် တောင်ကိုရီးယားအသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ…

ပြင်သစ်နိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ခန့်မှန်းထားသည်ထက် လူပေါင်း ၁,၀၀၀ ခန့် ပိုမိုသေဆုံး

PSM (NEWS) ဇွန် ၂၉၊ ၂၀၂၆ ပြင်သစ်နိုင်ငံတွင် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုအတွင်း ပုံမှန်ထက် လူပေါင်း ၁,၀၀၀ ခန့် ပိုမိုသေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူများက တနင်္ဂနွေနေ့ (ဇွန် ၂၈) တွင် ပြောကြားသည်။ “ဇွန်လ ၂၄ ရက်နေ့မှစ၍ ယခင်လများက မှတ်တမ်းတင်ထားသော သေဆုံးမှုများနှင့် နှိုင်းယှဉ်ပါက ခန့်မှန်းခြေအားဖြင့် အပိုသေဆုံးမှု…

အီရတ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးဖြင့် နိုင်ငံရေးသမားများနှင့် အရာရှိကြီးများကို ဖမ်းဆီး

PSM (NEWS) ဇွန်၂၉ ၊၂၀၂၆ အီရတ်နိုင်ငံတွင် ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ အမိန့်ဖြင့် ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နိုင်ငံရေးသမားများနှင့် အဆင့်မြင့်အရာရှိကြီးအချို့ကို ဖမ်းဆီးခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေးအလွန်တင်းကျပ်သည့် “ဂရင်းဇုန်” အတွင်းရှိ နေအိမ်များကို အီရတ် အထူးတန်ပြန်အကြမ်းဖက်မှုတပ်ဖွဲ့ (Counter…

ယူဂန်ဒါစစ်ဦးစီးချုပ်က ထိပ်တန်းမီဒီယာနှစ်ခုကို ပိတ်ပစ်ရန် အမိန့်ပေး

PSM (NEWS) ဇွန်၂၉ ၊၂၀၂၆ ယူဂန်ဒါသမ္မတ၏သားဖြစ်သူ စစ်ဦးစီးချုပ်သည် တနင်္ဂနွေနေ့တွင် နိုင်ငံ၏ ထိပ်တန်းမီဒီယာဌာနနှစ်ခုကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး “လွတ်လပ်သောသတင်းမီဒီယာကို မယုံကြည်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။ စစ်ဦးစီးချုပ် မူဟူဇီ ကိုင်နာရူဂါဘာက ယူဂန်ဒါ၏ အကြီးဆုံး လွတ်လပ်သော သတင်းစာဖြစ်သည့် Daily Monitor နှင့် နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်သည့် NTV Uganda…

You missed