PSM(NEWS)

ဇွန် ၂၉၊ ၂၀၂၆

တောင်ကိုရီးယားဘောလုံးအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမအဆင့်မှ စောစီးစွာ ထွက်ခွာခဲ့ရမှုသည် ပြည်တွင်း၌ ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး၊ နည်းပြ ဟောင်မြောင်ဘိုနှုတ်ထွက်သွားသော်လည်း ဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုပိုင်းတွင် အပြောင်းအလဲများ ပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပစဉ်က ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သည့် တောင်ကိုရီးယားအသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အသင်းအနေဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရှိခဲ့သော်လည်း အဆင့်သတ်မှတ်ချက် နိမ့်ကျသည့် တောင်အာဖရိကအသင်းကို ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ အံ့အားသင့်စရာဖြစ်ခဲ့သည်။ ဤရလဒ်ဆိုးကြောင့် နည်းပြ ဟောင်မြောင်ဘိုမှာ ဇွန်လ ၂၈ ရက်တနင်္ဂနွေနေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး၊ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်၏ နိုင်ငံတကာကစားသမားဘဝအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

ထို့အပြင် တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ကလည်း ယင်းရလဒ်နှင့် ပတ်သက်၍ “အရည်အချင်းမရှိသူများ” ကြောင့်ဟု ထောက်ပြဝေဖန်ခဲ့ပြီး နိုင်ငံတော်အား တောင်းပန်စကား ဆိုခဲ့သည်။ သမ္မတ၏ မှတ်ချက်သည် တောင်ကိုရီးယားဘောလုံးလောကတွင် နှစ်ပေါင်းများစွာ စုပုံနေသော မကျေနပ်မှုများ ပေါက်ကွဲထွက်လာခြင်းကို ကိုယ်စားပြုနေသည်။

နည်းပြ ဟောင်မြောင်ဘိုသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တာဝန်ယူခဲ့ချိန်ကတည်းက ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ ကိုရီးယားဘောလုံးအသင်းချုပ် (KFA) အနေဖြင့် ၎င်းကို ပြန်လည်ခန့်အပ်သည့် ဖြစ်စဉ်တွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် တရားမျှတမှုမရှိခြင်းတို့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

နည်းပြ ဟောင်သည် တောင်အာဖရိကနှင့် ကစားရမည့် အရေးပါသောပွဲစဉ်တွင် ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်ကို ပွဲထွက်စာရင်းမှ ထုတ်ပယ်ခဲ့မှုအတွက်လည်း ဝေဖန်မှုများ ခံခဲ့ရသည်။ အခြားပွဲစဉ်များ၏ ရလဒ်ကို စောင့်မျှော်ရင်း အသင်း၏ကံကြမ္မာမှာ မရေမရာ ဖြစ်နေချိန်တွင် အမှားများအတွက် အဖြေရှာမရ ဖြစ်နေကြောင်း ဟောင်က ဝန်ခံခဲ့သည်။

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကစားသမားဟောင်း လီချွန်ဆူးက “ကျွန်တော်တို့ဟာ အပြောင်းအလဲအတွက် သတင်းစကားပေးနေတာပါ။ လူတိုင်း ရာထူးကနေ နုတ်ထွက်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်” ဟု ၎င်း၏ YouTube ချန်နယ်မှတစ်ဆင့် ပြောကြားခဲ့သည်။

တောင်ကိုရီးယား ပရိသတ်များ၏ ဒေါသသည် ဘောလုံးအဖွဲ့ချုပ် (KFA) ဥက္ကဋ္ဌ ချောင်မွန်ဂျူ ထံသို့လည်း ဦးတည်နေသည်။ ဥက္ကဋ္ဌ ချောင်သည် ၎င်း၏ ၁၃ နှစ်တာ သက်တမ်းအတွင်း ပွဲလိမ်ပွဲဖျက်မှုဖြင့် တစ်သက်တစ်ကျွန်း ပိတ်ပင်ခံထားရသော ကစားသမားဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ကြိုးပမ်းခဲ့မှုအတွက် ဝေဖန်မှုများစွာ ခံခဲ့ရသည်။ ၎င်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကြိုတင် ပြောကြားထားပြီးဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed