PSM (NEWS) ဇွန် ၃၀၊၂၀၂၆ ဇွန် ၂၉ ရက်က ကစားခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ၃၂ သင်း အဆင့်တွင် ဘရာဇီးလ်အသင်းကို ၁-၂ ဂိုးဖြင့် နောက်ဆုံးမိနစ်တွင် ရှုံးနိမ့်ခဲ့ရသော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့ထိပ်တန်း အသင်းကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ဂျပန်အသင်းနည်းပြ ဟာဂျီမဲ မိုရိယာဆူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ပွဲချိန်အတွင်း ဂျပန်အသင်းသည် ဘရာဇီးလ်အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ပွဲချိန် မိနစ် ၉၀ ကျော်တွင် ဂါဘရီရယ် မာတင်နယ်လီ၏ သွင်းဂိုးကြောင့် ဘရာဇီးလ်အသင်း အနိုင်ရရှိသွားခဲ့သည်။ ယင်းရလဒ်ကြောင့် ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်တွင် ပထမဆုံးအကြိမ် အနိုင်ရရှိမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ နည်းပြ မိုရိယာဆူက “ကျွန်တော်တို့ကြားက ကွာဟချက်က တဖြည်းဖြည်း ကျဉ်းမြောင်းလာပါပြီ။ ဘရာဇီးလ်က ထိပ်တန်းအသင်းဖြစ်ပြီး ကျွန်တော်တို့လည်း အဲဒီအဆင့်ကို ရောက်ရှိဖို့ နီးစပ်နေပါပြီ” ဟု သတင်းထောက်များအား ပြောသည်။ ထို့အပြင် ဒဏ်ရာရ ကစားသမားများနေရာတွင် လူငယ်ကစားသမားများ ဝင်ရောက်ကစားခဲ့ခြင်းက ဂျပန်ဘောလုံးလောက၏ အနာဂတ်အတွက် အတွေ့အကြုံကောင်းများ ရရှိစေခဲ့ကြောင်းနှင့် တန်ပြန်တိုက်စစ် ဆင်နွှဲရာတွင် ကစားသမားများ၏ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဂျပန်အသင်းအနေဖြင့် နောက်ထပ်တိုးတက်ရန် လိုအပ်သည့် အချက်များဖြစ်သည့် ဘောလုံးပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းနှင့် တိုက်စစ်မှ ခံစစ်သို့အချိန်တိုအတွင်းကူးပြောင်းခြင်းတို့ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနည်းပြကဖြည့်စွကပြောကြားခဲ့သည်။ ကိုးကား-AP Post navigation ဒိုဟာတွင် အမေရိကန်နှင့် အီရန်တို့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်မည် နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စောစီးစွာ နှုတ်ဆက်စေခဲ့သည့် မော်ရိုကိုအသင်း