PSM (NEWS)

ဇွန်၃၀ ၊၂၀၂၆

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်မှ သင်္ဘော (၂) စင်းသည် ဟောင်ကောင်သို့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ ၅ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများအနေဖြင့် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုနိုင်ပြီး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ၊ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအောက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် PLA ရေတပ်မှ သင်္ဘောအုပ်စုတစ်စုသည် ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ဟောင်ကောင်ရေပိုင်နက်သို့ လာရောက်မည်ဖြစ်သည်။

ယခုခရီးစဉ်တွင်ဒုံးကျည်ပစ်ခတ်နိုင်သောနန်နင်းဖျက်သင်္ဘောနှင့်ဒုံးကျည်ပစ်ခတ်နိုင်သော ဖရီးဂိတ်သင်္ဘောဟန်းယန်တို့ ပါဝင်မည်ဖြစ်သည်။

PLA အနေဖြင့် ဒေသခံပြည်သူများအတွက် ဝင်ခွင့်လက်မှတ်ပေါင်း ၁၄,၀၀၀ ကို ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ WeChat အကောင့်မှတစ်ဆင့် ပထမဦးစွာ လာရောက်သူကို ဦးစားပေးစနစ်ဖြင့် ဝေငှပေးသွားမည်ဖြစ်သည်။

ပြည်သူများသည် ဇွန်လ ၃၀၊ ဇူလိုင် ၁ နှင့် ၂ ရက်နေ့များတွင် နံနက် ၁၀ နာရီ၊ နေ့လယ် ၃ နာရီနှင့် ည ၈ နာရီတို့တွင် အချိန်ရွေးချယ်၍ လက်မှတ်များ ကြိုတင်ဘိုကင်ရယူနိုင်မည်ဖြစ်သည်။ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ သင်္ဘောများကို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဇူလိုင်လ ၂ ရက်နှင့် ၆ ရက်နေ့များတွင် သင်္ဘောများ၏ ဝင်ရောက်ထွက်ခွာမှုကို အဆင်ပြေချောမွေ့စေရန်အတွက် အချို့သော ကူးတို့သင်္ဘောခရီးစဉ်များကို သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed