Category: international news

ဟော်မုဇ်ရေလက်ကြားတွင် ADNOC ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီ (ADNOC) ၏ ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် အီရန်နိုင်ငံက တိုက်ခိုက်ခဲ့ကြောင်း စနေနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု WAM သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ADNOC က…

ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်တွင် ပျောက်ဆုံးသွားခဲ့သည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦး ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ချုံဘူရီခရိုင်၊ ဆမဲစန်းကျွန်းအနီး ရေနက်ပိုင်း နည်းပညာပိုင်းဆိုင်ရာ ရေငုပ်ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြသည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦးကို သောကြာနေ့ညပိုင်းတွင် နမ်ဆိုင်းကမ်းခြေသို့ ဘေးကင်းစွာ ကူးခတ်ရောက်ရှိလာခဲ့ကြပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်သည်။ နည်းပြနှစ်ဦးနှင့် သင်တန်းသားနှစ်ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် ရေအနက် မီတာ (၄၀ – ၅၀) ခန့်အထိ ရေငုပ်ခဲ့ကြပြီး နေ့လယ်…

ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှု မြင့်တက်လာပြီး ကာကွယ်ရေးဝန်ကြီးက ဘေဂျင်း၏ စွပ်စွဲချက်များကို တုံ့ပြန်

PSM (News) သြဂုတ် ၁၆၊၂၀၂၆ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘတ်တိုဒိုရိုက မိမိအား တရုတ်နိုင်ငံကို စနစ်တကျ တိုက်ခိုက်စွပ်စွဲနေသည်ဟူသော ဘေဂျင်း၏ ပြောဆိုချက်များကို စနေနေ့တွင် ပယ်ချလိုက်ပြီး ယင်းသည် အဓိကပြဿနာများကို ဖုံးကွယ်ရန် အာရုံလွှဲသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူရာတွင် တိုဒိုရိုက ဦးဆောင်ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံခြားရေး…

ခရိုအေးရှားနိုင်ငံ၏ ခရီးသွားမြို့သို့ တောမီးကျရောက်မှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရရှိ

PSM (News) ဩဂုတ်၁၅၊၂၀၂၆ ခရိုအေးရှားနိုင်ငံ၊ ဒယ်လ်မေးရှားကမ်းရိုးတန်းရှိ လှပသော ခရီးသွားမြို့တစ်မြို့ဖြစ်သည့် အိုမိစ် (Omis) မြို့သို့ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် အရှိန်နှင့် ရောက်ရှိလာခဲ့သော တောမီးမှာသောကြာနေ့ က တစ်ညတာအတွင်း ကူးစက်ခဲ့ရာ အိမ်များ မီးလောင်ကျွမ်းခဲ့သည်။ လူပေါင်း ၁,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ လူ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနနှင့် ကျန်းမာရေး…

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အအင်အားပြင်ငလျင်လှုပ်ခတ်

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးကာ ဒေသခံများ အလန့်တကြား ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နူဆာတင်ဂါနာပြည်နယ်၊ အန်းဒေးမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၈ ကီလိုမီတာ (၄၂…

တရုတ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် Credit Card လိမ်လည်မှုဂိုဏ်းကို ဖြိုခွင်း

PSM (News) ဩဂုတ် ၁၅၊၂၀၂၆ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေသည့် အဓိက အကြွေးဝယ်ကတ် (Credit Card)လိမ်လည်မှုဂိုဏ်းကြီးတစ်ခုကို တရုတ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ဩဂုတ်လ ၁၃ ရက်နေ့တွင် အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးကြောင့် တရုတ်နိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး စုစုပေါင်း…

အနုတင်နှင့် သက်ဆင်တို့ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား တွေ့ဆုံ

PSM (News) ဩဂုတ် ၁၅၊၂၀၂၆ ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထာ၊ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝါထာနှင့် ဝန်ကြီးချုပ်ဟောင်း ဆိုမ်ချိုင်း ဝုံဆာဝပ်တို့သည် သြဂုတ်လ ၁၄ ရက်နေ့က ဥဘွန်ရက်ချာဌာပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဈာပနအခမ်းအနားတစ်ခုတွင် အတူတကွ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ စုဝေးတွေ့ဆုံမှုသည် သက်ဆင် လွတ်မြောက်လာပြီးနောက်ပိုင်း အနုတင်နှင့် သက်ဆင်တို့…

စစ်ပွဲအပြီး အီရန်နိုင်ငံ၏ စစ်ရေးစွမ်းရည် ပြန်လည်နာလန်ထူလာမှုအမြန်နှုန်းအပေါ် အစ္စရေးအရာရှိများ အံ့အားသင့်နေကြဟု သတင်းထွက်ပေါ်

PSM (News) ဩဂုတ်၁၅၊ ၂၀၂၆ Jerusalem Post သတင်းစာ၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် စစ်ပွဲ၏ ပထမပတ်အနည်းငယ်အပြီးတွင် အီရန်နိုင်ငံ၏ စစ်ရေးအရ အင်အားပြန်လည်ပြည့်တင်းလာသည့်နှုန်းထားကို အစ္စရေး စစ်ဘက်နှင့် ထောက်လှမ်းရေး အရာရှိများက အံ့အားသင့်ခဲ့ကြကြောင်း သိရသည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် အဓိကတိုက်ပွဲများ ရပ်စဲပြီးနောက် ဘယ်လောက်အထိ အမြန်ဆုံး အင်အားပြန်လည်စုစည်းနိုင်ခဲ့သည်ကို…

ခရိုင်းမီးယားတွင် ရုရှားဘက်သို့ ကူးပြောင်းခဲ့သည့် ရေတပ်အရာရှိ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံး

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ ရုရှားနိုင်ငံ၏ တရားမဝင် သိမ်းပိုက်ခြင်းခံထားရသော ခရိုင်းမီးယား ဒေသ၊ ဆီဗက်စတိုပိုမြို့တွင် ယူကရိန်းနိုင်ငံမှ ရုရှားဘက်သို့ ကူးပြောင်းခဲ့သော ရုရှားရေတပ်အရာရှိ ရိုဘတ် ရှာဂီယက်သည် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အမှိုက်ပုံးအတွင်း ဖွက်ထားသော ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဆီဗက်စတိုပိုမြို့တော်ဝန် မိခေးလ် ရာဇိုဗာယက်ဖ်၏…

အမေရိကန်၏ ဝေဖန်မှုများကြောင့် လက်ဘနွန်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ဟစ်ဇ်ဘိုလာ လက်နက်စွန့်လွှတ်မှုနှင့် အစ္စရေး ချိတ်ဆက်

PSM (News) ဩဂုတ် ၁၄၊၂၀၂၆ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်၏ ယခင်က ပြောကြားခဲ့သော မှတ်ချက်စကားများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ထို့နောက်၊ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသမှ အစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာရေးကိစ္စကို ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်မှုအပေါ်တွင် မူတည်ကြောင်း ကြေညာလိုက်သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်မစွန့်လွှတ်သမျှ…